ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်း အဝေးနှင့် ကွန်ပျူတာသင်တန်း ကျင်းပ
ငဖဲ မတ်၃၁
ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လပတ်ပုံမှန်အစည်းအဝေး (၃/၂၀၁၈)နှင့် ဒုတိယအကြိမ် နွေရာသီကွန်ပျူတာသင်တန်း ၁/၂၀၁၈ ကို ၃၁-၃-၂၀၁၈ ရက်နေ့တွင် ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားများသို့ ခရိုင်ကော်မတီဝင် ဦးမောင်မောင်ဝမ်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်လင်းနှင့် မြို့နယ်ကော်မတီဝင်များ MCC Computer Center မှ ဆရာမ ဒေါ်အိမွန်လှိုင်၊ ရပ်ကျေးပါတီဥက္ကဌများ ပါတီလူငယ်များ တက်ရောက်ခဲ့ကြပါသည်။
ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် MCC Computer တို့ ပူးတွဲဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာသင်တန်းကို ယမန်နှစ်က ၁ ကြိမ် ယခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး သင်တန်းသားများအား Certificate ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
အစည်းအဝေးအပြီးတွင် မင်းဘူးခရိုင် လူငယ်တွေ့ဆုံပွဲ၌ ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြသော ပြိုင်ပွဲဝင်အိုးစည်းဝိုင်းအဖွဲ့ ၊ Public Speaking ၊ ဖျော်ဖြေရေး ကချင်ဂျိမ်းဖောအကအဖွဲ့တို့အား မြို့နယ်စည်းရုံးရေးကော်မတီ၏ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကာ အခမ်းအနားကို နေ့လည် ၁၂းဝဝ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ငဖဲ