လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တွေ့ဆုံပွဲကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ အမျိုးသမီးရေးရာ တွေ့ဆုံပွဲကို စက်တင်ဘာ (၂၇) ရက် နံနက် (၁၀) နာရီအချိန်က လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူးဦးဌေးရယ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးလူရယ်ဖိုးလူ၊ ဦးကိုးရယ်၊ ဒေါ်မေရီယန် ပြည်နယ်/ လွိုင်ကော်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်း အင်အား ( ၈၀)ဦးတက်ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာ စကားပြောကြားပြီး ဗဟိုကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေရီယန်မှ အမျိုးသမီးရေး ရာရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ် တစ်ဝင့်ဆွေးနွေးသွားပါသည်။

ဆက်လက်၍ လွိုင်ကော်မြို့နယ်ပါတီကော်မတီဝင် ဒေါ်ခင်သန္တာထွန်းနှင့် ဒေါ်စောမြတို့မှ အမျိုးသမီးရေးရာနှင့် ပတ်သက်၍ သိရှိစေရန်အတွက် သင်တန်းများတက်ရောက်ခဲ့မှု အတွေ့အကြုံပြန်လည်ဖလှယ်ပွဲကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူမှ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် ဓမ္မာရုံရပ်ကွက်မှ ဒေါ်ငြိမ်းငြိမ်းမိုး၊ ရှမ်းစုရပ်ကွက်မှ ဒေါ်လင်းလင်းခိုင် တို့က အမျိုးသမီးထုအတွက် ဗဟုသုတများနှင့် မိမိလုပ်ဆောင်ချက်အခြေအနေများကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌ ဦးမောင်ရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားကာ နေ့လည် (၁၂) နာရီတွင် အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိသည်။


Leave a Reply