ဇလွန်ပြည်ခိုင်ဖြိုးမှ တောင်သူလယ်သမား အသိပညာပေးပိုစတာများစိုက်ထူ

တောင်သူလယ်သမားများအ နေဖြင့် မိမိတို့လယ်ယာမြေများ တွင် မြေဆီမြေသြဇာများ ပြည့်ဝ မှုရှိ/မရှိ နှင့်မြေအချဉ်ဓာတ်၊အငန် ဓာတ်တည်ရှိမှု အခြေအနေများကို မြေဆီလွှာတိုင်းကိရိယာ (Soil tester)ဖြင့် တိုင်းတာခြင်းဖြင့် အလွယ် တကူသိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုအခါ၌ ဓာတ်မြေသြ ဇာများကိုသာ အသုံးများလာပြီ ဖြစ်ရာ သဘာဝမြေသြဇာများကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် သက်သာပြီး လွယ်ကူစွာရရှိနိုင်သ ဖြင့် လယ်ယာမြေများအခြေအ နေကို စမ်းသပ်သိရှိနိုင်သည့် Soil tester ဖြင့် စမ်းသပ်ခြင်းကို မိမိတို့ ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်အကူအညီတောင်းခံ ရယူနိုင်ကြောင်း ဇလွန်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးချိုမြင့်ခိုင်က ပြော သည်။ ယမန်နေ့ညနေပိုင်းက ရန်ကုန်-ဇလွန်ကားလမ်းမဘေးရှိ တောင်သူတစ်ဦး၏ လယ်မြေကွက် အတွင်း တောင်သူအသိပညာပေး ပိုစတာစိုက်ထူရာ၌ မြို့နယ်ပါတီ ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြော ကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါ ပိုစတာစိုက်ထူခြင်းကိုဇလွန်နှင့် နီးစပ်ရာမြို့များဖြစ်သော ဟင်္သာတ နှင့် ကြံခင်းမြို့နယ်များမှပါတီ ကော်မတီဝင်များ တက်ရောက်ကြ ပြီး မြို့နယ်များအတွင်း ပညာပေး ပိုစတာများ ဆက်လက်စိုက်ထူကာ တောင်သူများကို အကူအညီပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီအမျိုးသမီးအဖွဲ့တွေ့ဆုံပွဲမြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီများက နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့တာဝန်ခံဒေါ်ယဉ်မြတ်သူက ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသောအမျိုးသမီး အဖွဲ့ဝင်များက တစ်ဦးချင်းဆွေးနွေးခြင်း၊ တာဝန်ခံက ပြန်လည် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

စေတနာရှင်အလှူရှင်များ၏အလှူငွေဖြင့်ဟင်္သာတ ပြည်ခိုင်ဖြိုး ရေဘေးသင့်ပြည်သူများသို့ဆန်များသွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ စီစဉ်ပေးမှုဖြင့် အလှူရှင် မမြတ်ခက်ညိုက လှူဒါန်းငွေ ကျပ်တစ်သိန်း၊ မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူး ဦးအောင်ဇော်နိုင်၊ ဇနီးဒေါ်မျိုးမျိုးမိသားစုတို့က လှူဒါန်း ငွေကျပ် တစ်သိန်း စုစုပေါင်း အလှူငွေကျပ် နှစ်သိန်းကို ဆန် အိတ်များဝယ်ယူပြီး ဟင်္သာတမြို့နယ် ရွှေကူရပ်ကွက် ရွှေကူကျွန်းစန်း အလင်္ကာပညာရေးကျောင်းတွင် ရောက်ရှိနေသော ရေဘေးသင့် ပြည်သူ အိမ်ထောင်စု ၅၉ စုတို့အား ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ယနေ့ မွန်းတည့် ၁၂ နာရီက အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့သည်။

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများအား အမှတ် (၁၄)နယ်မြေ ပန်းဆက် ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သြဂုတ် (၁၅) ရက်က အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစုကိုယ်စား ရေဘေးရှောင်ပြည်သူများသို့ သွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီးဒေါ်နီနီဝင်း (မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက) ‘သား’ဗိုလ်ကြီးသိန်းဇော် ညို- မယဉ်သူအေး၊ ‘မြေး’ရွှေနေ ခြည်ညို၊ ရွှေယသော်ညို မိသားစု တို့က ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများသို့ လှူဒါန်း သော ဂျုံခေါက်ဆွဲခြောက်ထုပ်၊ ကြာဆံထုပ်၊ ဆီတစ်လီတာစီတို့ကို အလှူရှင်မိသားစုများကိုယ်စား ဟင်္သာတခရိုင်နှင့်မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ က ယမန်နေ့က ပဲကြီးကျွန်းကျေးရွာ အုပ်စု ပဲကြီးကျွန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိနေသော အိမ်ထောင်စု ၂၄စု၊ စည်ပင်သာယာကျေးရွာဘုန်းတော် ကြီးကျောင်း၌ ရောက်ရှိနေသော အိမ်ထောင်စု ၃၂စု၊ သမ္ဘရာတိုင်း ကျေးရွာအုပ်စု ဝဲကြီးကျေးရွာ ဘုန်း တော်ကြီးကျောင်း၌ ရောက်ရှိနေ သော အိမ်ထောင်စု ၃ဝ၊ အင်္ဂရမ်း အုပ်စု သပြုဆိပ်ကျေးရွာ ရွှေကြို့ ပင် ဘုန်းတော်ကြီးကျောင်း၌ ရောက် ရှိနေသော အိမ်ထောင်စု ၂၇စု၊ ရွှေ ညောင်ပင် ဘုန်းတော်ကြီးကျောင်း ၌ ရောက်ရှိနေသော အိမ်ထောင်စု ၃၃ စု စုစုပေါင်းအိမ်ထောင်စု ၁၄၆ စုတို့ကို သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးရှောင်ပြည်သူများသို့ ဆန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းထွန်းနှင့် ကျောင်း ကုန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထိန်ဝင်းတို့ ဦးဆောင်၍ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်သော ကျေးရွာများသို့ ကျေးရွာအုပ်စု တစ်အုပ်စုလျှင် ဆန်အိတ်ကိုးအိတ် နှုန်းဖြင့် ဗလီဒေါင့်၊တက်ဆိပ်၊ ဒိုး တန်း၊ လှေကွဲလဟာ၊ ပန်းတောရိုး၊ ကွမ်းခြံကုန်း၊ ဝက်ခြံဂရက်၊ ရေဂ လုပ်၊ဖုန်းဆိုးနှင့်ချောင်ကြီး ကျေးရွာ အုပ်စု စုစုပေါင်း ၁ဝအုပ်စုကို ဆန်အိတ်၉ဝလှူဒါန်းခဲ့ကြသည်။
ယမန်နေ့က ကျားကိုက် ချောင်းရွာ အုပ်စုအတွက်ရရှိသော ဆန်အိတ် ကိုးအိတ်ကို ကျားကိုက် ချောင်းရွာ၊ ဥယျာဉ်တန်းရွာ၊ကျုံတာ ရွာခွဲများရှိ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၈၂ စုကို အချိုးကျ ခွဲဝေ လှူဒါန်း ပေးခဲ့ကြသည်။

ဟင်္သာတမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ရေဘေးခိုလှုံ မိသားစုများ အတွက် အစားအစာများ သွားရောက် လှူဒါန်း

13912648_280154105691101_8776555010202677323_n

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် သြဂုတ် (၉) ရက် နံနက် (၁၀) နာရီ အချိန်က ရေဘေးလွတ်ရာနေရာများသို့ ခေတ္တခိုလှုံရောက်ရှိနေကြသော ဟင်္သာတမြို့နယ် ပဲကြီးကျွန်းအုပ်စု ပဲကြီးကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ အိမ်ထောင်စု (၂၄)စု၊ စည်ပင်သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၂)စု၊ သမ္ဘရာတိုင်းအုပ်စု ၀ဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိခိုလုံနေသော အိမ်ထောင်စု(၃၀)၊ အင်္ဂရမ်းအုပ်စု သပြုဆိပ်ကျေးရွာ ရွှေကြို့ပင်ဘုန်းတော်ကြီး၌ ရောက်ရှိ နေသော အိမ်ထောင်စု(၂၇)စု၊ ရွှေညောင်ပင် ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသော အိမ်ထောင်စု(၃၀)စု စုစုပေါင်း အိမ်ထောင်စု (၁၄၃)စု တို့အား အိမ်ထောင်စုတစ်စုလျှင် ဂျုံခေါက်ဆွဲ(၁)ထုပ်၊ ကြာဇံ(၁)ထုပ်၊ ဆီ တစ်လီတာစီကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုက်နယ်အလိုက် ပါတီစည်းဝေးပွဲများကျင်းပရန် မြန်အောင်ပါတီရုံးတွင် ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က မြို့နယ် ပါတီကော်မတီဝင်များနှင့် မြို့မ တိုက်နယ်အတွင်း ရှိ ရပ်ကွက်နှင့် ကျေးရွာ ၁၄ ရွာမှ စည်းရုံးရေးမှူး၊ တွဲဖက်စည်းရုံးရေးမှူးများအား တွေ့ဆုံကာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့သည်။

ရေဘေးသင့်ပြည်သူများအား ပုသိမ်ပြည်ခိုင်ဖြိုးပါတီမှ ဆန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမြင့်အုန်းနှင့် မြို့နယ်အတွင်းရေးမှူး ဦးဌေးမင်းလွင်၊ မြို့နယ်ကော်မတီဝင်များ၊ အမှတ်(၅)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ ခေါင်းဆောင်နှင့်အဖွဲ့ဝင်များသည် သြဂုတ် (၁၁) ရက်နေ့တွင် ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်တွင် ရေကြီးနစ်မြုပ်လျက်ရှိသော အိမ်ခြေ ၂၄ဝ အား တစ်အိမ်ဆင်းတစ်အိမ်တက်ဆန်နှင့် ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်းခဲ့သည်။

ကျော်မင်းခန့်


ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ ဆန်များလှူဒါန်းမှု