ကြံခင်းမြို့ရှိ အသက်ရာကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပူဇော်ကန်တော့

မြန်မာတစ်နိုင်ငံလုံးရှိ အသက် ရာကျော်ဘိုးဘွားသက်ရှည်များ အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂ မဟာသီရိ သုဓမ္မဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)နာယကအဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းက ပူဇော်ကန်တော့လျက်ရှိသည်။ ထိုသို့ ပူဇော်မှုများပြုလုပ်ရာတွင် ယခုလ ၂ ရက် မွန်းလွဲပိုင်းက ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင် ဦးဆောင်သော ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များသည် ကြံခင်းမြို့နယ် ဇီးပင်ကွင်းကျေးရွာနေ အသက် (၁ဝ၂နှစ်)ရှိ အဘွား ဒေါ်သိန်းရှင်အား ဖောင်ဒေးရှင်းမှ လှူဒါန်း သည့် အာယုဂုဏပူဇာ ငွေကျပ် နှစ်သိန်းနှင့် မှတ်တမ်းတင်ဂုဏ်ပြု လွှာတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇီးပင်ကွင်း ကျေးရွာအုပ်စု အုတ်ပုံရွာတွင် နေထိုင်သော အဘွားဒေါ်မိုးစိန် အသက်(၁ဝ၂နှစ်)အား သွားရောက် ကန်တော့ကြရာ ဘွားသက်ရှည်က ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း) ကျန်းမာပါစေကြောင်း ဆုမွန်များ ပို့သပြီး ယခုလာရောက် ကန်တော့ သူတို့မှာလည်း ဘဝအဆက်ဆက် က ဆွေမျိုးတော်စပ်သူများဖြစ်၍ သားသမီးများကို တွေ့ရသကဲ့သို့ ဝမ်းသာပါကြောင်း၊ သတိမှတ် ဥာဏ်ကောင်းမွန်စွာ ဆုတောင်း မေတ္တာပို့သ လျက်ရှိသည်ကို တွေ့ မြင်ခဲ့ရသည်။

“ရာဇသင်္ဂဟဖောင်ဒေးရှင်း”မှ ဟင်္သာတမြို့နယ်၊ တောင်လုံးစုကျေးရွာအုပ်စု၊ ဒိုက်အင်းကျေးရွာနေ အသက် (၁၀၁)နှစ်ရှိ အဘိုး ဦးမြသိန်းအတွက် လှူဒါန်း

“ရာဇသင်္ဂဟဖောင်ဒေးရှင်း” မှ အသက်(၁၀၀)နှင့်အထက် ဘိုးဘွားများ၏ ကျန်းမာရေး၊ လူနေမှုဘ၀ အဆင်ပြေစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဘိုးဘွားအား အလှူငွေများ လှူဒါန်း လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တောင်လုံးစုအုပ်စု၊ ဒိုက်အင်းကျေးရွာနေ အသက်(၁၀၁) နှစ်ရှိ အဘိုး ဦးမြသိန်းအတွက် ဂုဏ်ပြုလှူဒါန်းငွေ (၂)သိန်းကျပ်ကို နာယကကြီး အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် (ကိုယ်စား) ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးညွန့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့ရုံးကြီးရပ်နေ အသက်(၁ဝ၂)နှစ် အဘိုးဦးဆုံအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လာရောက်လှူဒါန်း

Hin

ရာဇသင်္ဂဟဖောင်ဒေးရှင်း နာယကကြီး အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်(ကိုယ်စား) ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် သြဂုတ် ၃၁ ရက် မွန်းလွဲ ၁နာရီက ဟင်္သာတမြို့ ရုံးကြီးရပ် မြစ်ကွေ့ကျောင်း လမ်း အိမ်အမှတ်(၁ဝ၆)နေ အသက် (၁ဝ၂)နှစ်ရှိ အဘိုးဦးဆုံအား ဂုဏ်ပြုလှူဒါန်းငွေကျပ်နှစ်သိန်းကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ ဧရာဝတီတိုင်း ဒေသကြီးပါတီ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာဝန်ပေးအပ်ပွဲကို သြဂုတ် (၃၀) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး နှင့် ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ တက်ရောက်ချီြးှမှင့်ခဲ့သည်။

ဓနုဖြူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ (၃၁.၈.၂၀၁၆) နံနက် (၁၀) နာရီအချိန်က မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကျင်းပခဲ့သည်။

အစည်းအဝေးတွင် သြဂုတ် (၃၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးပါတီ တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် ဗဟိုနာယကအဖွဲ့ဝင် ဦးဌေးဦးနှင့် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့၏ လမ်းညွှန်မှု
များ အား ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရေလိုအပ်သော ကျေးရွာများတွင် ရေတုံကင်တွင်းများ တူးဖော် ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြံခင်းမြို့နယ် ရေလယ်ကျွန်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၊ ရေဘေးဒဏ်ကြောင့် ရေလိုအပ်သည့်နေရာများအား မြို့နယ်ပါတီကော်မတီ နှင့် ရပ်/ကျေးပါတီဝင်များ စုပေါင်းလှူဒါန်းမှု၊ စေတနာရှုပြည်သူများမှ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရေတုံကင်တွင်းများ တူးဖော်၍ ရေရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုး


ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လူထုဗဟိုပြုစီမံကိန်းနှင့် ဘက်စုံသုံးရေကန်ဖွင့်ပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်ခိုင်နှင့် ရပ်/ကျေးအလုပ်အမှု ဆောင်များ၊ အမာခံပါတီဝင်များအဖွဲ့သည် သြဂုတ်လ (၂၉) နေ့တွင် ကြံခင်း မြို့နယ်၊ ရှောက်ခုံအုပ်စု၊ ရှောက်ခုံကျေးရွာတွင် ကျင်းပသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်းနှင့် ဘက်စုံသုံးရေကန်ဖွင့်ပွဲသို့
တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတမြို့နယ်တွင်းရှိ ရပ်/ကျေးကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယကအဖွဲ့ဝင် ဦးဌေးဦးသည် သြဂုတ်လ (၂၇) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီမှဆောင်ရွက်ခဲ့သော နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

14067615_327523047580974_1438377746470770302_n 14079833_327522834247662_728256754629319656_n

ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ လူထု ဗဟိုပြုစီမံကိန်း တံတားအမိုး-လမ်းဖွင့်ပွဲ တက်ရောက်

14117769_289475674758944_8649720520889499799_n

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းထွဋ် နှင့် မြို့နယ်ပါတီကော်မတီဝင်များ အဖွဲ့သည် (၂၈.၈.၂၀၁၆) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ကြံခင်း မြို့နယ် ပေါက်နွယ်စမ်းအုပ်စု သရက်တောကျေးရွာတွင် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တံတားအမိုး-လမ်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထု လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ဒေသခံများနှင့် ရင်းနှီးစွာ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ပါဝင်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် လူငယ်များစုပေါင်း၍ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ အလှူခံထွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီ ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုမှ အလှူငွေ ၅ သိန်း၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့် မိသားစုမှ အလှူငွေ ၁ သိန်း၊ ဗဟိုကော်မတီဝင် ဆရာကြီး ဦးခင်မောင်ရီမိသားစုမှ အလှူငွေ ၂ သောင်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ မှ အလှူငွေ ၅ သောင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ၅ သောင်း အသီးသီး ပါဝင်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။