ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ ဧရာဝတီတိုင်း ဒေသကြီးပါတီ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာဝန်ပေးအပ်ပွဲကို သြဂုတ် (၃၀) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး နှင့် ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ တက်ရောက်ချီြးှမှင့်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန် ဦးဆောင် တည်ထောင်ထားသည့် “ရာဇင်္သဂဟဖေါင်ဒေးရှင်း” မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက် ၁၀၀ နှစ်နှင့် အထက် သက်တော်ရှည် ဘိုးဘွားများအား ဂုဏ်ပြုပူဇော်ငွေနှင့် ဂုဏ်ပြု လက်မှတ်များ ပူဇော်ချီးမြှင့်ရာ ခရိုင် ပါတီဥက္ကဌများထံ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးက ပူဇော်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

Credit -Aungsan Win


Leave a Reply