မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံလုပ်အားပေးခရီးမှ ပြန်လည်ရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးနေဝင်းဇော် ဦးဆောင်သော ပါတီဝင်အင်အား ၂၈၁ ဦး တို့သည် ယခုလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ပုဂံရှိ မိဖုရားဖွားစောစေတီ တံတိုင်းရှေ့ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

တိုင်းပါတီဥက္ကဋ္ဌ ပုသိမ်ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့် ရှေ့လုပ်ငန်းစဉ် များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဗဟိုကော်မတီဝင်ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးဝင်းကိုတို့သည် စက်တင်ဘာ (၂၇) ရက် နံနက် ၉နာရီတွင် ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံပွဲအား ပုသိမ်မြို့နယ် ပါတီရုံး အစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

14495368_434236233418176_6434763038447731726_n

(more…)


တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ စီးပွားပန်းခင်း ပညာရေးဝန်ဆောင်မှု LCCI(UK) Level (I), (II) သင်တန်းမှ သင်တန်းသား/သူများအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ ဦးသန်းထွန်းတို့မှ မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကျေးစည်းမှူးများနှင့် စီးပွားပန်းခင်း ပညာရေးဝန်ဆောင်မှု LCCI(UK) Level (I), (II) သင်တန်းမှ သင်တန်းသား/ သူများအား တွေ့ဆုံပွဲကို ဇလွန်မြို့နယ် ပါတီရုံးခမ်းမတွင် စက်တင်ဘာလ(၂၀) ရက် နေ့လည် (၃) နာရီ (၄၅) မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား တွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ကြံခင်းမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်လင်း သည် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့်အတူ စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းက ကြံခင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စုဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ နှင့် ရပ်/ကျေးပါတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ်ညီလာခံမှ ချမှတ်လိုက်သော ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး အောက်ခြေပါတီများသို့တိုင် လိုက်လံရှင်းလင်း ဆွေးနွေးရခြင်းကို အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။

ပုသိမ်ခရိုင်ပါတီနှင့် ပုသိမ်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခမ်းမ၌ စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် ကျင်းပသော ပုသိမ်ခရိုင်နှင့် ပုသိမ်မြို့နယ် ကော်မတီဝင်များ တွေ့ဆုံပွဲသို့ ပုသိမ်ခရိုင်တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာထိန်ဝင်း၊ နှင့် ဒေါ်ခင်စောမူ၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပုသိမ်မြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် ဟင်္သာတခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီနှင့် ဟင်္သာတခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီတွေ့ဆုံပွဲကို စက်တင်ဘာလ (၂၀) ရက်နေ့၊ မွန်းလွဲ (၁)နာရီ(၃၀)မိနစ်အချိန်တွင် ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခမ်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဟင်္သာတခရိုင်ပါတီဥက္ကဌ ဦးညွန့်လှိုင်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဌ ဦးညွန့်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။

ကြံခင်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်ဝေဝေခင်သည် စက်တင်ဘာ (၂၀) ရက်နေ့က မြို့နယ်ပါတီရုံး၌ ရပ်ကွက်/ ကျေးရွာအုပ်စု အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံ၍ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများဘဝလုံခြုံရေးနှင့် အမျိုးသမီးပါတီဝင်များ တိုးပွားရေးတို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

# Dawwai Wai

တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် လေးမျက်နှာမြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကားပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ နှင့် လေးမျက်နှာမြို့နယ် ပါတီကော်မတီတွေ့ဆုံပွဲကို စက်တင်ဘာလ (၁၉) ရက်က လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။

4face1

(more…)


တိုင်းပါတီဥက္ကဋ္ဌနှင့် တိုင်းအတွင်းရေးမှူးတို့ အင်္ဂပူမြို့နယ်ပါတီ ကော်မတီ ၀င်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

14355087_1765968093645059_104938843171663452_n

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးခန်းမတွင် ဧရာဝတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များနှင့် အင်္ဂပူမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲကို စက်တင်ဘာ (၁၉) ရက်နေ့က အင်္ဂပူမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ အမျိုးသမီးရေးရာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ (၁၅) ရက်နေ့နံနက် ၉ နာရီက ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဥာဏ်လင်း တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။

14355027_183491308727013_3698111969226572321_n

(more…)