ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်သင်ယူနေသည့် သင်တန်းသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှု့ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အခြေခံ အိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက် သင်ယူနေသည့် သင်တန်းဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံပါသည်။

13872819_413124058862727_4706294657622320627_n

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့က သင်တန်းနည်းပြဆရာမများနှင့်သင်တန်းသူများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်းနေစဉ်

(more…)


ဇလွန်ပြည်ခိုင်ဖြိုးပါတီ ငါးမွေးမြူရေးလုပ်ငန်းများသွားရောက်လေ့လာ

ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှမြို့နယ်အတွင်းရေး မှူးဦးနိုင်လင်း၊ကော်မတီဝင်ဦးလှမိုး၊ ဦးရှိန်းထက်ခေါင်တို့ခေါင်းဆောင် ၍ ကျုံရှကျေးရွာနှင့် ဖက်သောင် အစုကြီးကျေးရွာတို့မှငါးမွေးမြူရေး လုပ်ငန်းရှင်၁၂ဦးတို့ ဇူလိုင်၃၁ရက် နေ့လယ်က ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကွင်းအတွင်းရှိ ငါး မွေးမြူရေးကန်များသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌဦးဌေးဦး လုပ်ငန်းလမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇူလိုင်လ (၃၁) ရက် နံနက် (၁၀) နာရီ (၁၅) မိနစ်အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ခိုင်ဖြိုးရိပ်သာ၌ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

13680823_150398352059071_4149844886682347896_n

(more…)


ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသည့် မတ္တရာမြို့နယ်အတွင်းမှ ကျေးရွာ ၁၃ ရွာသို့ ပြည်ခိုင်ဖြိုးပါတီက ရေသန့်စက် ၃၄ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် မတ္တရာမြို့နယ်အတွင်း မှ ကျေးရွာ၁၃ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပါတီမှ ငွေကျပ် သိန်း၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျ နိုင်ငံထုတ် ရေသန့်စက် ၁၃လုံးကို ဇူလိုင် ၂၆ရက် နံနက်၉နာရီခွဲနှင့် မွန်းတည့် ၁၂နာရီတို့တွင် အေး ကျွန်းကျေးရွာနှင့် သဲကျွန်းကျေးရွာ တို့မှ ရွာဦးဘုန်းတော်ကြီးကျောင်း များတွင် ပေးအပ်လှူဒါန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌမိသားစုနှင့် ပါတီဝင်များ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဒေါ်လှယဉ် (ဝိသာခါ) ဓမ္မာရုံကြီးတွင် ဇူလိုင် ၂၉ရက် နံနက်အရုဏ်ဦး၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းအောင် ဝန်ကြီးချုပ်(ငြိမ်း) ဇနီးဒေါ်ခင်ဌေးမြင့် မိသားစုများက ပုသိမ်မြို့ပေါ် ရပ်ကွက်များနှင့် တစ်ဖက်ကမ်းရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၁၈၄တိုက်တွင် ဝါဆိုဝါကပ်တော် မူကြ သည့်သံဃာတော်အပါး ၂၅၆ဝ တို့အား အရုဏ် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူခဲ့သည်။

Pathein

(more…)


ဗန်းမော်ပြည်ခိုင်ဖြိုး မြစ်ရေကြီးမှုမှ ဘေးလွတ်ရာခေတ္တခိုလှုံနေကြသော ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင် ခိုလှုံေ နကြသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက် ပညာ့ ရိပ်သာအုပ်စုမှ ပြည်သူများထံသို့ ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် ခေါက်ဆွဲခြောက် အထုပ် ၃၀ ပါ ခေါက်ဆွဲဖာ (၂၆) ဖာကို ဇူလိုင်လ (၂၆) ရက်နေ့က မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်စုမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်တန်းသားသင်တန်းသူများ လေ့လာရေး ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပို့ဆောင်ပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးနိုင်လင်းနှင့် မြို့နယ် အရန်ပါတီကော်မတီဝင် ဦးငြိမ်းမြင့် တို့ဦးဆောင်၍ ယခုလ (၂၃) ရက် နံနက် (၁ဝ) နာရီတွင် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် နဝမအကြိမ် မြောက်ပြုလုပ်သော အလုပ်အကိုင်ပြပွဲသို့ တတိယအကြိမ်မြောက် သင်တန်းသားသင်တန်းသူ (၁ဝ) ဦးကို ပို့ဆောင်ပေးခဲ့သည်။

မြစ်ရေဝင်ရောက်သည့် ရှမ်းကလေးကျွန်းစံပြကျေးရွာသို့ ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက်လှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် အမရပူရမြို့နယ် ရှမ်းကလေးကျွန်းစံပြကျေးရွာ နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရန်အတွက် မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ငွေကျပ်သိန်း၂ဝခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက်သုံးလုံးကို ဇူလိုင်လ (၂၃) ရက်နေ့ မွန်းလွဲ ၂နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပေးအပ်လှူဒါန်းခဲ့သည်။

13700120_519398058257935_6516249119439915697_n

(more…)


ဧရာဝတီမြစ်ရေဝင် ရောက်လျက်ရှိသည့် ပုသိမ်ကြီးမြို့နယ် ကျေးရွာ ၃၁ ရွာသို့ ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက် ၃၄ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင် ရောက်ရှိသည့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျေးရွာ ၃၁ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရှိအတွက် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးရဲမြင့်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပါတီမှ ငွေကျပ် သိန်း ၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက် ၃၄ လုံးအား ဇူလိုင် (၂၃) ရက် နံနက် ၉ နာရီ ၃ဝ မိနစ်နှင့် မွန်းတည့် ၁၂ နာရီ တို့တွင် ညောင်ပင်သာ အနောက်ကျေးရွာနှင့် ပုဂံတပ်ကျေး ရွာတို့မှရွာဦးဘုန်းတော်ကြီးကျောင်းများတွင် ပေးအပ်လှူဒါန်းခဲ့သည်။

13620135_624839137685601_3326885792840339052_n

(more…)


ပုသိမ်ပြည်ခိုင်ဖြိုး သွေးလွန်တုတ်ကွေးကာကွယ်ရေး ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

Pathein4

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်ကြသော ကြက်တူရွေး ကျေးရွာအုပ်စု၊ လာရောင်းကျေးရွာအုပ်စုများသို့ ကျေးလက်ကျမ်းမာရေး၊ မိုးရာသီ ကလေးများအတွက် သွေလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအဖြစ် မြို့နယ်ပါတီကော်မတီ ဝင် များဖြစ်ကြသော ဦးသိဏ်းထွဏ်း၊ ဦးကျော်သိန်းထွန်း၊ ဦးအောင်စိုးဦး၊ ရုံးအဖွဲ့ဝင်များနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ကို ဇူလိုင်လ (၂၄) ရက်နေ့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။