ကျုံပျော်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

13782235_1732410687010708_3726023021442592398_n

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် မချမ်းဘော့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့သည် ဇူလိုင်လ (၂၃) ရက်နေ့က အင်းရဲကျေးရွာအုပ်စု အင်းရဲတိုက်နယ် အထက် တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့တွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်း များ သွားရောက်ဆောင်ရွက်ခဲ့ရာ တိုက်နယ်တာဝန်ခံများ ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ လူငယ်တာဝန်ခံများ၊ ရပ်မိရပ်ဖ များလိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသားကျောင်းသူများအား အာဟာရတိုက်ကျွေး

ကျောင်းနေအရွယ်ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နို့ဆန်ပြုတ်အာဟာရ တိုက်ကျွေးပွဲကို ဇူလိုင်လ (၂၁) ရက် နံနက် ၁၁ နာရီက ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု ပဲကြီး ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ကျောင်းသား ကျောင်းသူ ၃၄၈ ဦးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ မြို့နယ်ပါတီ အရန်ကော်မတီဝင်များ၊ ပဲကြီး ကျွန်းကျေးရွာအုပ်စု စည်းရုံးရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ သွားရောက်လှူဒါန်းခဲ့သည်။

အိမ်မဲပြည်ခိုင်ဖြိုးပါတီမှ သဲအင်းဂူတောရကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၆ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြည်ခိုင်ဖြိုးပါတီရုံးအပေါ်ထပ်တွင် သဲအင်းဂူဆရာတော် ဦးဥတ္တမသာရ အမှူးပြုသော ပင့်သံဃာ အရှင်သူမြတ်တို့ထံတွင် ငါးပါးသီလ နှင့် ပရိတ်တရားတော်များအား နာယူ၍ ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း တို့အား ဆပ်ကပ် လှူဒါန်း ပူဇော်ခဲ့ကြသည်။

E Me`2

(more…)


အိမ်မဲပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့ တက်ရောက်လွမ်းသူ့ပန်းခွေချ အလေးပြု

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ နံနက်(၈)နာရီအချိန်က အိမ်မဲမြို့ လွတ်လပ်ရေး ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။

69 EMe`4

(more…)


ပုသိမ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဇူလိုင်လ (၁၈) ရက် နေ့လည် (၂) နာရီအချိန်က ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်ကျော်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ပုသိမ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အုန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ဝါဆိုလပြည့်နေ့တွင် မြန်အောင်မြို့နယ်ပါတီ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ဝါဆိုလပြည့်နေ့ (ဇူလိုင်လ ၁၉ရက်) က အသံမစဲ မဟာပဋ္ဌာန်းကို ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

Myan Aung

(more…)


ကျုံပျော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာအုပ်စု စည်းမှူး၊ အမှုဆောင်၊ အမာခံကေဒါများနှင့် ရှေ့လုပ်ငန်းစဉ်များ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးတို့သည် ၁၊ အထောင်တိုက်နယ် နယ်မြေမှူး ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်၊ ဦးသန်းထွန်းနှင့် သတင်းမီဒီယာ တာဝန်ခံ ဦးသန်းဝင်းတို့ လိုက်ပါလျက် ဇူလိုင်လ (၁၄) ရက် နံနက် (၁၁) နာရီအချိန်က အထောင်မြို့ဝင် က.ပ.ရ ခန်းမ၌ အထောင်မြို့ပေါ် (၄) ရပ်ကွက်၊ မန်းကြာကျေးရွာအုပ်စု အပါအ၀င် (၅) အုပ်စုအတွင်းရှိ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ အမာခံ ကေဒါများ၊ ပါတီကို အားပေးထောက်ခံသူများနှင့် တွေ့ဆုံကာ မြို့နယ် မျက်နှာစုံညီအစည်းအဝေး နှင့် မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲ ပြီးဆုံးသည်နှဥ့် တပြေးညီ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ လက်ရှိ ဆောင်ရွက်နေမှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရေး၊ ရပ်/ကျေးပါတီအဆင့်ဆင့်မှလည်း အတူပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မြို့နယ်ပါတီမှလည်း လိုအပ်သည်များ ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ကျုံပျော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာအုပ်စု စည်းမှူး၊ အမှုဆောင်၊ အမာခံကေဒါများနှင့် ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးတို့သည် အထောင်တိုက်နယ် နယ်မြေမှူး ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်၊ ဦးသန်းထွန်းနှင့် သတင်းမီဒီယာ တာဝန်ခံ ဦးသန်းဝင်းတို့ လိုက်ပါလျက် ဇူလိုင်လ (၁၄) ရက် နံနက် (၉) နာရီအချိန်က ကွင်းကြီးကျေးရွာ အုပ်စုရှိ စည်းရုံးရေးမှူးများ၊ အမှုဆောင်များ၊ အမာခံကေဒါများနှင့် တွေ့ဆုံကာ ပါတီမျက်နှာစုံညီအစည်းရွေးပွဲအလွန် ပါတီ၏ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်း စဉ်များကို အသေးစိတ်တွေ့ဆုံ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၁၄) ရက်နေ့က မြို့နယ် ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုဇင်မှ လမ်းညွှန်အမှာစကား ပြောပြီး မြို့နယ်ပါတီကော်မတီဝင်များ၏ တင်ပြချက်များအား မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (ဧရာဝတီတိုင်း ဒေသကြီး ပါတီ အတွင်းရေးမှူး) ဦးအောင်တင်မြင့် နှင့် ဇနီးဒေါ်ရီရီအေး တို့ ကိုယ်စား ကြံခင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန် ရှိသူများ သည် ဇူလိုင်လ (၁၄) ရက်နေ့  ညနေပိုင်းက ရွာသစ်ရပ် ကမ္ဘာလုံး ဓမ္မဒူတ ရိပ်သာဆရာတော်အား ကာလဒါနဝါဆိုသင်္ကန်း နှင့် တကွ အခြံအရံ လှူဖွယ်များ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။