စေတနာရှင်အလှူရှင်များ၏အလှူငွေဖြင့်ဟင်္သာတ ပြည်ခိုင်ဖြိုး ရေဘေးသင့်ပြည်သူများသို့ဆန်များသွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ စီစဉ်ပေးမှုဖြင့် အလှူရှင် မမြတ်ခက်ညိုက လှူဒါန်းငွေ ကျပ်တစ်သိန်း၊ မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူး ဦးအောင်ဇော်နိုင်၊ ဇနီးဒေါ်မျိုးမျိုးမိသားစုတို့က လှူဒါန်း ငွေကျပ် တစ်သိန်း စုစုပေါင်း အလှူငွေကျပ် နှစ်သိန်းကို ဆန် အိတ်များဝယ်ယူပြီး ဟင်္သာတမြို့နယ် ရွှေကူရပ်ကွက် ရွှေကူကျွန်းစန်း အလင်္ကာပညာရေးကျောင်းတွင် ရောက်ရှိနေသော ရေဘေးသင့် ပြည်သူ အိမ်ထောင်စု ၅၉ စုတို့အား ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ယနေ့ မွန်းတည့် ၁၂ နာရီက အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့သည်။

ကျော်ဝင်း(ဟင်္သာတ)


Leave a Reply