လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီမျက်နှာ စုံညီအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၁ဝ) နာရီက လယ်ဝေးမြို့ အမှတ်(၇)ရပ်ကွက် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ ပါတီပြန်လည် ပြင်ဆင် ရွေးချယ်ရေးအဖွဲ့(၂) နာယက ဦးဇင်ယော်နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော် မတီဝင် လယ်ဝေးမြို့နယ် တာဝန်ခံ ဦးဇော်အောင်နှင့် ကော်မတီဝင်များ၊ လယ်ဝေးမြို့နယ် အတွင်းရေးမှူး ဦးသိန်းတိုးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု ၆၇ အုပ်စု မှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။

13524363_208778959517315_6920007255411123272_n

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးဌေးဝင်း၊ သဘာ ပတိအဖွဲ့ဝင်များ အဖြစ် ဦးသိန်းတိုး နှင့် ဦးသိန်းလွင်တို့က ဆောင်ရွက် ကြပြီး သဘာပတိ ဦးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မတီ၏ လုပ်ငန်း အစီရင်ခံစာကို ဦးခင်မောင်ထွန်း ကလည်းကောင်း၊ အစုအဖွဲ့စာတမ်း များကို ပါတီကေဒါ ဦးစိန်လွင်နှင့် ဦးလှသိန်းတို့က ဖတ်ကြားတင်ပြကြသည်။

Le Way2

ထို့နောက် ပြည်ထောင်စု နယ်မြေ ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့(၂)တာဝန်ခံ ဦးဇင်ယော်က ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများနှင့် ရွေးချယ် တင်မြှောက်မည့် မြို့နယ်ကော် မတီဝင်များ၊ အရန်မြို့နယ်ကော် မတီဝင်များ၏ အမည်စာရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရွေးချယ်တင် မြှောက်ခံရသည့် လယ်ဝေးမြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ဘဏ္ဍာ ရေးမှူးနှင့် ကော်မတီဝင် ၁၂ ဦး၊ အရန်မြို့နယ်ပါတီကော်မတီဝင် ၂ဝ တို့၏ အမည်စာရင်းများကို ဖတ်ကြားကြေညာပြီး သဘာပတိအဖွဲ့ ရှေ့မှောက်တွင် ကတိသစ္စာခံယူ ကြပြီးနောက် ကြွေးကြော်သံများ ဖြင့် အခမ်းအနား ရုပ်သိမ်းခဲ့သည်။

ဟိန်းအောင်(နေပြည်တော်)


Leave a Reply