မိခင်ဝိုင်း ထောက်ပံ့ငွေပေးရာသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါဝင်ကူညီ

 

မအူပင် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ မိခင်ဝိုင်းများသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ် ခြင်းကို ယမန်နေ့က လေးအိမ်စုကျေးရွာနှင့် မလက်တိုကျေးရွာများ ၌ ပြုလုပ်ရာ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကုလားကုန်းတန်းကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

 

ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နယ်မြေတာဝန်ခံ ဒေါ်အေးသီတာ၊ ဒေါ်ခင်ထားရီ၊ ဒေးဒရဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးအောင်စိုးလှိုင်၊ နယ်မြေ (၁) တာဝန်ခံ ဦးအောင်ဝင်းတင့်၊ ဦးကျော်ဇေယျ၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်မိုးသီတာအောင်၊ အရံပါတီကော်တီဝင် ဦးလှတိုးတို့သည် ၂၀.၆.၂၀၁၈ နံနက် ၁၀း၃၅ အချိန်တွင် ဒေးဒရဲမြို့နယ် ဓနုံးကုန်းကျေးရွာအုပ်စုတွင်လည်းကောင်း၊ ၊ကုလားကုန်းတန်းကျေးရွာအုပ်စု၌ နေ့လည် ၁း၃၅ နာရီအချိန်တို့တွင် ပါတီဆိုင်းဘုတ်တင်ခြင်း အခ
မ်းအနားကို ရပ်မိ/ရပ်ဖ များ ကျေးရွာပါတီဥက္ကဋ္ဌ၊ ကျေးရွာခွဲခေါင်းဆောင်များနှင့်အမျိုးသမီးများ တက်ရောက်ကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဓနုံးကုန်း( အ.မ. က) ကျောင်းသို့  ဗလာစာအုပ်များ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

မြန်အောင်ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံ (၂ဝ၁၈) အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူငယ်ညီလာခံ(၂ဝ၁၈) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်က အမှာစကားပြောကြားရာတွင် လူငယ်များအား လူငယ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူငယ်တာဝန်ခံ မြို့နယ်ပါတီ ကော်မတီဝင်ဦးအောင်မျိုးဦးနှင့် မြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူတို့က ရှင်းလင်းပြောကြား ခဲ့ကြသည်။

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံအတွေ့အကြုံရှင်းလင်း

 

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးကျင်းပသော လစဉ်ပုံမှန် အစည်းအဝေးနှင့်လူငယ်ညီလာခံ (၂ဝ၁၈)အတွေ့အကြုံရှင်းလင်းပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း မော်လမြိုင်ကျွန်း ဘိုကလေးနှင့် ဖျာပုံမြို့နယ်ကော်မတီဝင်များ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖျာပုံ ဇွန် ၇

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး တိုင်းတာဝန်ခံ ဦးသန်းထွန်းနှင့် တိုင်း/ခရိုင် မြို့နယ် ပါတီတို့ တွေ့ဆုံပွဲ

 

၆.၆.၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန် ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်သော ပါတီဗဟိုအတွင်းရေးမှူး တိုင်းတာဝန်ခံ ဦးသန်းထွန်းနှင့် ပုသိမ်ခရိုင် ပုသိမ်မြို့နယ်ပါတီတို့ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းပါတီမှ ကော်မတီဝင်များဖြစ်ကြသော ဒေါက်တာထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွယ်နွယ်ဦး၊ ခရိုင်ပါတီဥက္ကဌ ဦးကျော်ကျော်၊ ဘဏ္ဍာရေးမှူး ဦးနိုင်ဝင်းကျော်၊ ကော်မတီများဖြစ်ကြသော ဦးအောင်မြင့်သိန်း၊ ဒေါ်နေဇင်ထိုက်၊ ပုသိမ်မြို့နယ် ပါတီဥက္ကဌ ဦးကျော်ထွန်းဇော်နှင့်ကော်မတီဝင် (၁၀) ဦး တက်ရောက်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ခရိုင်မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကျိုက်လတ် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက် လတ်မြို့နယ် ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်း ဒေသကြီးကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များ စုစုပေါင်း ၄၅ ဦးနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်အတွင်းရေးမှူး က မြို့နယ်ကော်မတီဝင်၊ အရန်ကော်မတီဝင် များအား နယ်မြေအလိုက်၊ ကဏ္ဍအလိုက်တာဝန် ပေးအပ်ထားမှုအခြေအနေများအား မြေပုံကား ချပ်များဖြင့် ရှင်းပြခြင်း၊ ၂ဝ၂ဝ အောင်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ကျုံပျော်မြို့နယ်ပါတီဝင်လူငယ်များစုပေါင်းလုပ်အားပေး

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံ(၂ဝ၁၈)သို့ တက်ရောက်ခဲ့ ကြသည့် ပါတီဝင်လူငယ်များက ဒေသအကျိုးပြုလှုပ်ရှားမှုတစ်ရပ်အနေ ဖြင့် ယနေ့တွင် ကျုံပျော်မြို့နယ် သောင်ရွာကျေးရွာအုပ်စုရှိ သောင်ရွာနှင့် ကုန်းစုကျေးရွာချင်းဆက် မြေသားလမ်း ကျောက်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကော်မတီများ၊ အရန်ကော်မတီများ ဝန်းရံလျက် ပါတီဝင်လူငယ် များ အင်အား ၅ဝ နှင့် ဒေသခံပြည်သူများ ပူးပေါင်းလျက် ပျော်ရွှင်စွာ လုပ်အားဒါနပြုဆောင်ရွက်ခဲ့သည်။

တက္ကသိုလ်ကြိုပို့ဆိုင်ကယ်အသင်းဝင်များနှင့် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံ

မအူပင်၊ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွှေသမင်မော်တော် ယာဉ်လိုင်း (တက္ကသိုလ်ကြိုပို့ဆိုင်ကယ်) အသင်းဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး၌ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၁၂၁) အုပ်စုမှ အသစ်ဝင်ရောက်လာကြသော ပါတီဝင်များ၏ အဆိုပြုလွှာပေါင်း ၆၀၃ စောင်ကို နယ်မြေ ကိုယ်စားပြု ရပ်ကျေးပါတီဥက္ကဌ (၆) ဦးက ပေးအပ်ရာ သက်ဆိုင်ရာနယ်မြေမှူး မြို့နယ်ပါတီကော်မတီဝင်များက အသီးသီး လက်ခံကြပါသည်။