တက္ကသိုလ်ကြိုပို့ဆိုင်ကယ်အသင်းဝင်များနှင့် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံ

မအူပင်၊ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွှေသမင်မော်တော် ယာဉ်လိုင်း (တက္ကသိုလ်ကြိုပို့ဆိုင်ကယ်) အသင်းဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်တို့က အသီးသီး အမှာစကားပြောကြားသည်။ ထို့နောက် တက္ကသိုလ်ကြိုပို့ဆိုင်ကယ်အသင်းဝင် များက ဆွေးနွေးတင်ပြခြင်း၊ ပြန်လည်ရှင်းလင်းခြင်းများပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင် မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မ တီဝင်များ၊ ရွှေသမင်မော်တော်ယာဉ်အသင်း (တက္ကသိုလ်ကြိုပို့ဆိုင်ကယ်) အသင်းဝင်များ တက်ရောက်ခဲ့ကြ သည်။

ဖြိုးမောင်ဇော်(မအူပင်)