ရှမ်းရှေ့ပြည်ခိုင်းဖြိုးပါတီမှ မိုးရာသီသွေးလွန်တုတ်ကွေးရောဂါအကြောင်း ပညာပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်း

 

ဇူလိုင်(၂၈)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ဥက္ကဌ၊ အတွင်း ရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံနှင့်အဖွဲ့များ၊ လိုက်ပါ၍ ယမန်နေ့ (၂၈.၇.၂၀၂၀) နေ့တွင် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းရွာနှင့် မယ်ယန်းရွာများသို့ သွားရောက်ခဲ့ကြသည်။ ဆက်လက်ပြီး ရပ်/ကျေးရွာပါတီဝင်များ အမာခံပါတီဝင်ကေဒါများနှင့် တွေ့ဆံ၍ မိုးရာသီသွေးလွန်တုတ်ကွေး ရောဂါအကြောင်း အသိပညာပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း၊ ဥူးပုဒ်သတင်းသီလ စောင့်ယူထားသော ဥူးပုဒ်သည်များအတွက် စမူဆာ အချိုရည်ဗူးနှင့် မုန့်ထုပ်များ လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။#HPS