အမ်ိဳးသမီးေရးရာ ေတြ႕ဆုံပြဲျပဳလုပ္

ေအာင္ေျမသာစံ နိုဝင္ဘာ ၂၈

၂၈-၁၁-၂၀၂၃ ရက္ေန႔ ၀၉:၃၀မွ၁၀:၄၅ အခ်ိန္ထိ ေအာင္ေျမသာစံၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ အမ်ိဳးသမီးေရးရာ ေတြ႕ဆုံပြဲျပဳလုပ္ခဲ့ရာ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ၊ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္၊အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚသန္းသန္းေအး၊အမ်ိဳးသမီးပါတီဝင္မ်ား၊First Time Voters မ်ား၊စုစုေပါင္း ၃၀ဦး တက္ေရာက္ခဲ့ပါသည္။ေတြ႕ဆုံပြဲတြင္ တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္ႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ေဒၚသန္းသန္းေအးတိုက ျပည္ခိုင္ၿဖိဳးပါတီ၏ အမ်ိဳးသမီးေရးရာ မူဝါဒ၊သေဘာထားမ်ား၊ပါတီမွ ေဆာင္ရြက္လ်က္ရွိသည့္ အမ်ိဳးသမီးေရးရာက႑ လႈပ္ရွားေဆာင္ရြက္ေနမႈမ်ား၊အမ်ိဳးသမီးပါတီဝင္အသစ္ တိုးခ်ဲ႕စည္း႐ုံးေရး ေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။

===============

အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်

အောင်မြေသာစံ နိုဝင်ဘာ ၂၈

၂၈-၁၁-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၀:၄၅ အချိန်ထိ အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ပါသည်။တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးတိုက ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးရေးရာ မူဝါဒ၊သဘောထားများ၊ပါတီမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာကဏ္ဍ လှုပ်ရှားဆောင်ရွက်နေမှုများ၊အမျိုးသမီးပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။