မြို့နယ်နှင့်ရပ်ကျေးပါတီပုံမှန်တွေ့ဆုံပွဲကျင်းပ တက်ရောက်သူများအား ဗလာမပါကံစမ်းမဲလက်ဆောင်ပစ္စည်းများ ပေးအပ်

 

ပျဉ်းမနား ဇန်နဝါရီ ၂၄

ပျဉ်းမနားမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁/၂ဝ၁၉)နှင့် တက် ရောက်လာသူများအား ၂ဝ၁၉ နှစ်ဦးကြိုဆိုပွဲအဖြစ် ဗလာမပါ ကံစမ်းမဲဖြင့် လက်ဆောင်ပစ္စည်း များ မဲဖောက်ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စု နယ်မြေနာယက ဦးမှတ်ကြီး(အမျိုး သားလွှတ်တော်ကိုယ်စားလှယ်-ငြိမ်း)၊ ပြည်ထောင်စုနယ်မြေကော် မတီဝင်ဦးဝင်းမြင့်၊ ခရိုင်ကော်မတီ ဝင် ဦးအောင်မြင့်ကြိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ၃၆ အုပ်စုမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ သီဟသွေးလူ ငယ်များ စုစုပေါင်းအင်အား ၁ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ပထမဦးစွာ ပြည်ထောင်စုနယ်မြေ နာယက ဦးမှတ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ၌ ၂ဝ၂ဝအထွေထွေ ရွေးကောက်ပွဲ နီးလာပြီဖြစ်၍ အခုကတည်းက ကြိုတင်ပြင်ဆင် ထားရှိစေလိုကြောင်း၊ ပြည်ထောင်စု နယ်မြေကော်မတီဝင်ပျဉ်းမနားမြို့ နယ်တာဝန်ခံဦးဝင်းမြင့်ကပါတီအနေ ဖြင့် အထူးလျှော့ဈေးဖြင့် ရောင်းချ လျက်ရှိသည့် ဆန်၊ဆီရောင်းချနေမှု များနှင့် ဆက်လက်ရောင်းချသွား မည့်ကိစ္စရပ်များအကြောင်း၊ မြို့ နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များကို လမ်းညွှန်ဆွေးနွေးပြီး မြို့နယ် ပါတီမှ ကွင်းဆင်းဆောင်ရွက်နေ မှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စသည်ဖြင့် ထည့် သွင်းဆွေးနွေးခဲ့ပြီးနောက် တက် ရောက်လာကြသော ရပ်ကျေး ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တိုင်းနှင့်ပြည်နယ် သိုင်းပြိုင်ပွဲတွင် နေပြည်တော်ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ငွေတံဆိပ်နှင့်ကြေး တံဆိပ်ဆုရပျဉ်းမနားမှ သိုင်းကစား သမားနှစ်ဦးအား ဦးမှတ်ကြီးက ဂုဏ် ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည့် အပြင် ၂ဝ၁၉ ခုနှစ် နှစ်ဦးကြိုဆိုပွဲ ပျော်ပွဲရွှင်ပွဲအနေဖြင့် တက်ရောက် လာသူများအား (ပါတီဝတ်စုံပုဆိုး၊ လွယ်အိတ်၊ ပြက္ခဒိန်၊ ကျန်းမာရေး ဖျာတို့ဖြင့်)ဗလာမပါကံစမ်းမဲဖောက် ကာ လက်ဆောင်ပစ္စည်းများ အသီး သီးပေးအပ်ခဲ့ကြောင်း သိရသည်။