တိုင်းဒေသကြီးပါတီ လုပ်ငန်းစိစစ်ရေးဆောင်ရွက်

 

ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို ဦးဆောင်၍ ပါတီလုပ်ငန်းစိစစ် ရေးအဖွဲ့တို့သည် ယမန်နေ့ နံနက် ၉ နာရီက ပါတီလုပ်ငန်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ ပါတီကော်မတီဝင်များ၊မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ပါတီကော်မတီဝင်များနှင့် ရှေ့လုပ် ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် (၆.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီကော်မတီဝင် ဦးလှခိုင်၊ တိုင်းသတင်းတာဝန်ခံ ဦးသန်းထွန်း၊ တက်ရောက်ပြီး ပထမဦးစွာ အတွင်းရေးမှူး ဦးဝင်းကိုကိုမှ အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးသတင်းတာဝန်ခံ ဦးသန်းထွန်းမှ သတင်းမီဒီယာ နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ချပြဆွေးနွေးပြီး တက်ရောက်လာသည့် ခရိုင်တာဝန်ခံများမှ ပြန်လည်ဆွေးနွေးရာ နေ့လည် (၂) နာရီတွင် ပြီးဆုံးပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းအတွင်းမှ ခရိုင်သတင်းတာဝန်ခံ (၆) ဦး၊ ခရိုင်အတွင်းရေးမှူး (၆) ဦးနှင့် စုစုပေါင်း (၁၅) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီသည် ယနေ့ မွန်းလွဲ ၁ နာရီ တွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ အခမ်းအနားများကို တိုက်နယ်အလိုက် ကျင်းပလျက် ရှိရာ ယနေ့တွင် ဒိုက်ပျက် တိုက် နယ်သင်တောကရက်ကျေးရွာအုပ်စု မိုးမခကျေးရွာတွင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ဥက္ကဋ္ဌ နှင့် ကော်မတီများ၊ တိုက်နယ် တာဝန်ခံနှင့်အဖွဲ့များ၊ အရန်ကော် မတီဝင်များ၊ အဆိုပြုလွှာ စုပေါင်း ပေးအပ်ကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပါတီဝင် ၂၅ဝ ပေးအပ်ပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင်ပြီးဆုံးကြောင်း၊ အခမ်းအနားအပြီးတွင် မြို့နယ် ပါတီကော်မတီဝင်များက ပါတီဝင် အသစ်များအားပါတီရင်ထိုးတံဆိပ် များ အမှတ်တရ တပ်ဆင်ပေးခဲ့ ကြောင်း သိရသည်။

အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းခရိုင် မြို့နယ်များမှာ ကော်မတီဝင်များ ဥက္ကဋ္ဌအတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲအား ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်း ရိပ်သာ(တံတား)တွင်တွေ့ဆုံ၍ ပါတီ၏ ရှေလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဗဟိုအလုပ်မှုဆောင်များဖြစ်သော ဦးအောင်တင်မြင့်၊ဒေါက်တာပွင့်ဆန်း
ဗဟိုအလုပ်မှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးညဏ်လင်းတို့တက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ သီရိပျံချီ ဦးသိန်းအောင်မှ မော်လမြိုင်ကျွန်းမြို့ “သမ္မာသမ္ဗု ဒ္ဓ” မြို့ဦးစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက် အလှူငွေများလှူ ဒါန်းခြင်း

 

ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်(ငြိမ်း) သီရိပျံချီ ဦးသိန်းအောင်နှင့်ဇနီး ဒေါ်ခင်ဌေးမြင့် မိသားစုမှမော်လမြိုင်ကျွန်းမြို့တွင် တည်ထားကိုးကွယ်ရန် တည်ဆောက်လျှက်ရှိသော “သမ္မာသမ္ဗု ဒ္ဓ” မြို့ဦး စေတီတော်မြတ်ကြီးသို့ အလှူ တော်ငွေ (၅)သိန်း လှူ ဒါန်းခဲ့ပါသည်.။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် အဖွဲ့မှ ၂၀.၂.၂၀၁၈နေ့ နေ့လည် ၁၂:၀၀ နာရီအချိန်တွင် ကိုယ်စား သွားရောက်ဖူးမြှော် လှူ ဒါန်းခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ တိုင်းဒေသကြီးပါတီ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း က တက်ရောက်အမှာစကားပြောကြားရာတွင် ၂ဝ၁၈ခုနှစ်အတွင်း ပါတီအကောင်အထည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးညွှန်ကြားကာ ပြီးခဲ့သည့် ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှချမှတ်ခဲ့သည့် ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကိုလည်း ချပြဆွေးနွေး မှာကြားခဲ့သည်။

ကျိုက်လတ်မြို့တွင် ရပ်/ ကျေးပါတီစည်းရုံးရေးမှူးများအား ရပ်/ကျေးပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေး

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ကျိုက်လတ်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာများ၌ ပါတီစည်းရုံးရေးမှူးများအား ရပ်/ ကျေးပါတီဥက္ကဋ္ဌအဖြစ် တာဝန် ပေးခန့်အပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေးပါတီ​ဥက္ကဋ္ဌ တာဝန်​​ပေးအပ်​ပွဲအခမ်းအနားကျင်းပ

 

၁၆.၂.၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေး ပါတီ​ကော်​မတီဥက္ကဋ္ဌ တာဝန်​​ပေးအပ်​ပွဲ အခမ်းအနားမှာ ဧရာဝတီတိုင်း       ​ဒေသကြီး ပြည်​​ထောင်​စုံကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးပါတီဥက္ကဌ ဦးဥာဏ်လင်း ၊ တိုင်းပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းပါတီကော်မတီဝင်       ဒေါ်ခင်စောမူနှင့် ခရိုင်ပါတီဥက္ကဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ၊ ရပ်​ကွက်/​ကျေးရွာအုပ်​စုများမှ ပါတီ​ဥက္ကဋ္ဌနှင့်​​ကော်​မတီဝင်​များ        တက်​​ရောက်​ခဲ့ပါသည်။
ဆက်​လက်​ပြီး တိုင်းပါတီ ဥက္ကဌ ဦးဥာဏ်လင်းက အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်။

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှမ်းမနဲထိုးပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ကြီးမှူး၍ ဒုတိယ အကြိမ်မြောက် တိုက်နယ်ပေါင်းစုံ နှမ်းမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ တိုက်နယ်ကိုယ်စားပြု ၁၃ ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ တစ်ဖွဲ့၊ အမှတ်(၅၇ဝ)အနှေးယာဉ်လုပ်သား များမှ တစ်ဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြသည်။
ဒိုင်ချုပ်အဖြစ် ပါတီဗဟိုကော် မတီဝင် ဦးခင်မောင်ရီက ဆောင် ရွက်ပြီး ဒိုင်အဖွဲ့ဝင်များအဖြစ် ခရိုင်ပါတီအတွင်းရေးမှူး ဦးချစ် ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများက ဆောင်ရွက်ခဲ့ သည်။ထို့နောက် ဆုများကိုတာဝန် ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဝင်များနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့်အဖွဲ့သည် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော် မတီဝင်များအားတွေ့ဆုံကာဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။