ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ တိုင်းဒေသကြီးပါတီ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း က တက်ရောက်အမှာစကားပြောကြားရာတွင် ၂ဝ၁၈ခုနှစ်အတွင်း ပါတီအကောင်အထည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးညွှန်ကြားကာ ပြီးခဲ့သည့် ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှချမှတ်ခဲ့သည့် ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကိုလည်း ချပြဆွေးနွေး မှာကြားခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ခရိုင် ခြောက်ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်းအင်အား ၈၁ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးကို မွန်းတည့် ၁၂နာရီတွင် ခေတ္တရပ်နားခဲ့ပြီး ဆက်လက်ဆွေးနွေးကျင်းပခဲ့ကြပြီး အစည်းအဝေးမှာ နှစ်ရက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Union daily