ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း မော်လမြိုင်ကျွန်း ဘိုကလေးနှင့် ဖျာပုံမြို့နယ်ကော်မတီဝင်များ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖျာပုံ ဇွန် ၇

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဗဟိုအလုပ်အမှု ဆောင် ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်းတို့ သည် ယခုလ ၅ ရက် နံနက် ၈ နာရီက မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်ပါတီခရိုင် မြို့နယ်ကော် မတီဝင်များ၊မြို့နယ်အရန်ကော်မတီ ဝင်များနှင့် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် တွေ့ဆုံခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ကော်မတီ ဝင်၊ အရန်မြို့နယ် ကော်မတီဝင် များနှင့် မိတ်ဆက်ခဲ့ပြီး နယ်မြေ တာဝန်ခံများက မိမိတို့နယ်မြေ အခြေအနေများ မြေပုံဖြင့်ရှင်းလင်း ခဲ့သည်။ တွေ့ဆုံပွဲတွင်ဗဟိုအတွင်း ရေးမှူးဦးသန်းထွန်းက မြို့နယ် ပါတီကော်မတီဝင်များအရန်မြို့နယ် ကော်မတီဝင်များ၏ နယ်မြေနှင့် ကဏ္ဍအလိုက် ရေးရာဌာနများ ဆောင်ရွက်မှုများ ရှင်းလင်းပြော ကြားမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီးပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသ ကြီးပါတီ ဥက္ကဋ္ဌဦးဉာဏ်လင်းက တာဝန်ယူမှုတာဝန်ခံမှုတို့ဖြင့် အထွေထွေရွေးကောက်ပွဲအောင် နိုင်ရေးကိုကြိုးပမ်းဆောင်ရွက်သွား ရန်တို့ကိုဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မွန်းတည့် ၁၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ပါတီ ရုံးခန်းမတွင် ဆက်လက်ပြုလုပ်ခဲ့ သည်။ ထိုအခမ်းအနားတွင် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ် အတွင်းရေးမှူးက မြို့နယ်ကော် မတီဝင်၊ အရန်ကော်မတီဝင်များ အား နယ်မြေအလိုက်၊ ကဏ္ဍ အလိုက် တာဝန်ပေးအပ်ထားမှု အခြေအနေများကို တစ်ဦးချင်းစီ မြေပုံကားချပ်များဖြင့် ရှင်းပြခြင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ကြ သည်။ ဆက်လက်ပြီး မြို့နယ် ကော်မတီဝင်များနှင့် အရန်ကော် မတီဝင်များက နယ်မြေတာဝန်ခံ၊ ကဏ္ဍတာဝန်ခံများက နယ်မြေ အလိုက်ကွင်းဆင်းရောက်ရှိမှုအခြေ အနေနှင့် နယ်မြေဒေသအခြေအနေ များကိုလည်း ရှင်းလင်းတင်ပြခဲ့မှု များအပေါ်ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဗဟိုအလုပ်အမှု ဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်းတို့က ဖြည့်စွက်ဆွေး နွေးမှာကြားခဲ့သည်။

ထို့နောက်မွန်းလွဲ ၃နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်ပါတီရုံးခန်းမ၌ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော် မတီဝင်များ၊အရန်ကော်မတီဝင်များ နှင့်ဆက်လက်တွေ့ဆုံ၍ မြို့နယ် ကော်မတီဝင်များ၊ အရန်မြို့နယ် ကော်မတီဝင်များကလည်း မိမိတို့ တာဝန်ယူထားသောနယ်မြေနှင့် ပတ်သက်၍ မြေပုံကားချက်များ၊ မိမိတို့တာဝန်ယူထားသော ရေးရာ ဌာနများအလိုက်ရှင်းလင်းခဲ့ပြီးဗဟို အတွင်းရေးမှူးဦးသန်းထွန်းနှင့်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးဉာဏ်လင်း တို့က လိုအပ်သည်များကိုဖြည့်စွက် မှာကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

Union daily