ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံအတွေ့အကြုံရှင်းလင်း

 

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးကျင်းပသော လစဉ်ပုံမှန် အစည်းအဝေးနှင့်လူငယ်ညီလာခံ (၂ဝ၁၈)အတွေ့အကြုံရှင်းလင်းပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဖေ ဦးက အဖွင့်အမှာစကားပြောကြား ခြင်း၊ လူငယ်ညီလာခံ(၂ဝ၁၈) သို့ တက်ရောက်ခဲ့ကြသော လူငယ် မောင်မယ်တို့က အတွေ့အကြုံများ ရှင်းလင်းခြင်း၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် မင်းသန်းက တိုင်းဒေသကြီး ပါတီ အစည်းအဝေးမှ လမ်းညွှန်ချက်များ အား ဆွေးနွေးတင်ပြခြင်း၊ တက် ရောက်လာသူများက ဆွေးနွေးခြင်း နှင့် ဆွေးနွေးချက်များအပေါ် ပြန် လည်ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော် ဖေဦး၊ ခရိုင်ဘဏ္ဍာရေးမှူးဒေါ်စမ်း စမ်းဝင်း၊ ခရိုင်ပါတီကော်မတီဝင် ပန်းတနော်မြို့နယ်တာဝန်ခံဦးမြင့် အောင်၊ ပန်းတနော်မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးကျော်မင်းသန်း နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်/ ကျေးပါတီဥက္ကဋ္ဌနှင့်ပါတီကော်မတီ ဝင်များ တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)