မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

ပခုက္ကူ- ဇွန် – ၉

မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူမြို့နယ် ​ငွေသောင်ကျေးရွာတွင်‌ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲ အခမ်းအနားကို ယနေ့နံနက်ကိုးနာရီ အချိန်တွင်အဆိုပါ​​ကျေးရွာ၌ ပြုလုပ်​ခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်နှင့် တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦးတို့နှင့် ပခုက္ကူခရိုင်ပါတီ
ကော်မတီဝင်များ ပခုက္ကူမြို့နယ်ပါတီကော်မတီဝင်များ အသီးသီးတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်​ နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊နိုင်​ငံ​တော်​သီချင်းသီဆိုခြင်း တို့ ​ဆောင်​ရွက်​ကြပြီး ပခုက္ကူမြို့နယ်ဥက္ကဌမှ အခမ်းအနားကျင်းပရခြင်းနှင့်​ပတ်​သက်​၍ ရှင်းလင်း​ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်​များ
ကိုယ်​စား ​ကျေးရွာပါတီဝင်​တစ်​ဦးမှ ပါတီဝင်​အဆိုပြုလွှာများ​ပေးအပ်​ခြင်းနှင့်​ ပါတီဝင်​​ကြေးများ ​ပေးအပ်​ခြင်း၊ဒသခံပြည်​သူတစ်​ဦးမှ ပါတီသို့ဝင်​​ရောက်​လာရခြင်းနှင့်​ပတ်​သက်​၍ ရှင်းလင်း တင်​ပြခြင်းများပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌမှ ဂုဏ်​ပြုအမှာစကား ​ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီ ဦးဟန်မောင်မှ ပါတီ၏မူဝါဒနှင့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကိုနံနက် ၁၁ နာရီတွင်​ ကြွေးကျော်သံများဖြင့် ​အောင်​မြင်​စွာပြီး​မြောက်​ခဲ့​ကြောင်းသိရသည်။