မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ကော်မတီဝင်များနှင်ပ တွေ့ဆုံပွဲကျင်းပ

 

မအူပင် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော မြို့မတိုက်နယ် (၁) ရပ်ကျေးပါတီ အောင်နိုင်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်အနားတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်း အပါအဝင် တာဝန်ရှိသူများက ထိရောက်အောင်မြင်သော စည်းရုံးရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ကိစ္စ ရပ်များကို ရှင်းလင်းပြောကြားခြင်း၊ ရပ်ကျေးပါတီ အောင်နိုင်ရေး ကော်မတီဝင်များက တင်ပြဆွေးနွေးခြင်း၊ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ အတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ မအူပင်မြို့နယ် မြို့မတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂ဝ မှ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးလုပ်ငန်း အောင်နိုင်ရေး ကော်မတီဝင်များ စုစုပေါင်း အင်အား ၆ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)