

======================

အမျိုသမီးရေးရာကော်မတီ တွေ့ ဆုံပွဲ

တောင်ကြီး အောက်တိုဘာ ၇
( ၇.၁၀. ၂၀၂၃ ) ရက်နေ့ နံနက် ( ၁၀:၃၀ ) နာရီမှ နေ့လည် ( ၁၂:၀၀ ) နာရီအချိန်ထိ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ အမျိုးသမီးရေးရာကော်မတီ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ အမျိုးသမီးရေးရာကော်မတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ၊ အမျိုးသမီးရေးရာကော်မတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့် ၊ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင် ၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးအောင်ကျော်ညွန့် ( စီမံ ) ၊ ဒေါ်ဝါဝါထွေး ( ဘဏ္ဍာရေးမှူး ) ၊ ဒေါ်နန်းဆိုင်နွမ်း ( အမျိုးသမီးရေးရာတာဝန်ခံ ) ၊ ဦးစိုင်းစံဝင်း ( စည်ကမ်းထိန်းသိမ်း ) ၊ ဒေါ်ခင်ထွေးအောင် ( စည်းရုံးရေးရာတာဝန်ခံ ) ၊ တောင်ကြီးခရိုင်ပါတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ ၊ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ အမျိုးသမီးပါတီဝင်များ ၊ ရပ်စောက်မြို့နယ်ကော်မတီဝင်နှင့် အမျိုးသမီးပါတီဝင်များ ၊ လွိုင်လင်မြို့နယ် ဥက္ကဋ္ဌ နှင့် အမျိုးသမီးအဖွဲ့များ ၊ လင်းခေးခရိုင် ဥက္ကဋ္ဌ ၊ လင်းခေးမြို့နယ် ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ အမျိုးသမီးအဖွဲ့များ စုစုပေါင်အင်အား ( ၃၃ ) ဦးတက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲ၌ အမျိုးသမီးရေးရာကော်မတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်မှ မိတ်ဆက်အမှာစကားပြောကြားပြီး ရက် ( ၉၀ ) စီမံချက်နှင့် Project Cycle Management စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် လမ်းညွန်ချက်များကို ဆွေးနွေးပြောကြားခဲ့ကာ First Time Voters များစည်းရုံးသွားရန် ၊ အမျိုးသမီးပါတီဝင်အသစ်များ စုစည်းတွေ့ဆုံပြီး ဟောပြောပွဲများပြုလုပ်ရန် ၊ မီဒီယာကွန်ယက်ဖွဲ့စည်းပြီး အချင်းချင်းချိတ်ဆက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။ အမျိုးသမီးရေးရာကော်မတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်က Project Cycle Management လုပ်ငန်းစဉ်များနှင့် ပြည့်မဏ္ဍိုင်တွေ့ဆုံပွဲအား ပါဗဟိုဌာနချုပ်၏ လမ်းညွန်ချက်များနှင့်အညီ ကဏ္ဍများအားလုံးပေါင်းစပ်၍ ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ်အမျိုးသမီးရေးရာ ဒု တာဝန်ခံ ဒေါ်နန်းစိန်ညွန့်နွယ်မှ Project Cycle Management နှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်းမှ အမျိုးသမီးများ၏ လူမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလုပ်ကိုင်ဆောင်ရွက်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် မြို့နယ်ပါတီ ဥက္ကဋ္ဌ နှင့် အမျိုးသမီးရေးရာတာဝန်ခံများ ၊ ပြည်နယ်ကော်မတီဝင်များက လိုအပ်သည်များကို မေးမြန်း တင်ပြဆွေးနွေးကြပါသည်။ ‌ဆွေးနွေးမေးမြန်းမှုအပေါ် အမျိုးသမီးရေးရာကော်မတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲကိုရုတ်သိမ်းကာ တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများအား ပါတီဗဟိုအတွင်းရေးမှူး ဒေါ်စန်းစန်းနွယ် နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်တို့က ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြပါသည်။