

====================

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပေါင်းစပ်ညှိနိုင်းရေးတာဝန်ခံ နှင့် ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၂)ခုနှင့် (၄)မြို့နယ်မှပါတီတာဝန်ရှိသူများတွေ့ဆုံ

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၇)ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ဗဟိုအလုပ် အမှုဆောင်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ပေါင်းစပ်ညှိနိုင်းရေးတာဝန်ခံဦးအောင်သူသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ဗဟိုကော်မတီဝင်၊ကိုးကန့်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ဝ တိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဦးစီးဥက္ကဋ္ဌ ဦးညီနပ်၊တို့လိုက်ပါလျှက် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၇)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ကွမ်းလုံမြို့နယ်၊ဟိုပန်မြို့နယ်၊လောက်ကိုင်မြို့နယ်၊ကုန်းကြမ်းမြို့နယ်များမှ ပါတီဥက္ကဋ္ဌများအတွင်းရေးမှူးများနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါတီရုံး၌တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ပေါင်းစပ်ညှိနိုင်းရေးတာဝန်ခံမှ (၁) သတ်မှတ်ပါတီဝင်အင်အား စာရင်းများ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးခွဲများသို့ အချိန်မှီ မှန်မှန်ကန်ကန်တိတိကျကျ တင်ပြနိုင်ရေး (၂) ပြည့်မဏ္ဍိုင်လူထုတွေ့ဆုံမှု့လုပ်ငန်းစဉ်နှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များနှင့် (Key Performance Index Check List) ပါအချက်(၁၇)ချက်မှန်မှန်ကန်ကန်ဖြည့်သွင်းနိုင်ရေး (၃) လူငယ်အင်အားအသစ်၊အမျိုးသမီးအင်အားအသစ်များ တိုးပွားရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် (Project Circle Management) ပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။