ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမာင်လွင် လက်ဖက်ရည်ကြမ်းစကားဝိုင်းသို့ တက်ရောက်ဆွေးနွေး

 

စဥ့်ကိုင် ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် စဥ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှလက်ဖက်ရည်ကြမ်းစကား ဝိုင်းကို ယမန်နေ့နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲ အထိကျင်းပခဲ့ရာပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်တက်ရောက်၍ ပါတီဝင်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ပါတီဗဟို အလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေး တိုင်းဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် နှင့်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့က ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ပြည်သူ့အကျိုးစီးပွားအတွက်ပါတီမှ ဆောင် ရွက်သွားမည့် အကြောင်းအရာများ၊ ပါတီ မူဝါဒ၊ ပါတီရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ စသည်တို့ကို တက်ရောက် လာသောပါတီဝင်များနှင့် ဒေသခံပြည်သူ များအား ရင်းနှီးနွေးထွေးစွာဆွေးနွေးခဲ့ပြီး နောက် စကားဝိုင်းသို့တက်ရောက်လာသည့် ပါတီဝင်များနှင့်ဒေသခံပြည်သူများမှ ဒေသ အခြေအနေများ၊ နိုင်ငံတော်အတွင်းဖြစ်ပျက် နေသော အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။

ထိုကဲ့သို့လက်ဖက်ရည်ကြမ်းစကားဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ”ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရပ်ကွက်၊ ကျေးရွာ တွေကိုအရောက်သွားပြီး ပြည်သူတွေရဲ့ လို အပ်ချက်၊ ပြည်သူတွေရဲ့အသံတွေကို လက် တွေ့ကျကျ ပြည်သူနဲ့ထိတွေ့နားထောင်ပြီး ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ဆည်းဆောင် ရွက်ပေးနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူအပေါ်ထားရှိတဲ့ မေတ္တာစေတနာကို ရိုးရှင်းစွာ အရှိအတိုင်း တွေ့မြင်နိုင်တဲ့ လုပ် ဆောင်ချက်များပဲဖြစ်ပါတယ်”ဟု မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီပြောရေးဆို ခွင့်ရှိသူဦးတင်မင်းမြတ်ဦးက ပြောကြား ခဲ့သည်။

စကားဝိုင်းသို့ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး တာဝန်ခံဦးဝဏ္ဏ မောင်လွင်နှင့်အတူ ပါတီဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင် ပါတီကော်မတီဝင်များ၊ စဥ့်ကိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကြည်ပြုံး၊ မြို့နယ်ပါတီအတွင်းရေး မှူးဦးထွန်းထွန်းနိုင်၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

သုတ(မန္တလေး)