

====================

ရှမ်းပြည်နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ‌နှင့် တွေ့ဆုံ

တောင်ကြီး အောက်တိုဘာ ၇
( ၇.၁၀. ၂၀၂၃ ) ရက်နေ့ မွန်းလွဲ ( ၁:၃၀ ) နာရီမှ မွန်းလွဲ ( ၂:၃၀ ) နာရီအချိန်ထိ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ် ၊ အမျိုးသမီးရေးရာကော်မတီ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့် ၊ ရှမ်းပြည်နယ်( တောင်ပိုင်း ) ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်း ၊ ပြည်နယ်ကော်မတီဝင် ဒေါ်ဝါဝါထွေး ( ဘဏ္ဍာရေးမှူး ) ၊ ပြည်နယ်အမျိုးသမီးရေးရာ ဒု တာဝန်ခံ ဒေါ်နန်းစိန်ညွန့်နွယ် ( နမ့်စန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ) တို့မှ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။