ပြည်​ခိုင်​ဖြိုးပါတီ မန္တ​လေးခရိုင်​၊ ရပ်​/​ကျေး​ကော်​မတီဝင်​များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲကျင်းပ

(၂၂.၈.၂၀၁၇) ရက်​​နေ့ (၀၈း၃၀) နာရီအချိန်​တွင် မန္တ​လေးခရိုင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေး​ကော်​မတီဝင်​များ၏ နှုတ်​မှုစွမ်းရည်​ပြိုင်​ပွဲ ကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦး​ဝင်း​မောင်​၊ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦး​ အောင်ကျော်​မိုးနှင့်​ တိုင်း​ဒေသကြီးပါတီကော်မတီဝင်များ၊ အကဲဖြတ်​ဒိုင်​လူကြီးများ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌနှင့်​ ခရိုင်​ပါတီ ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​အတွင်းရှိ ​မြို့နယ်များမှ ဥက္ကဌများ၊ မြို့နယ်​အတွင်း​ရေးမှူးများ၊ မြို့နယ်​​ကော်​မတီဝင်​များနှင့်​ ရပ်​/​ကျေးများမှ ပြိုင်​ပွဲဝင်​များ၊ ဖိတ်​ကြားထားသည့်​ဧည့်​သည်​​တော်​များ တက်​​ရောက်​ခဲ့ကြ ပါသည်​။

အခမ်းအနားကို နိုင်​ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်​လှစ်​ခဲ့ပြီး ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး နယ်​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်လွင်မှ အဖွင့်အမှာစကား​ပြောကြား ကာ ​​မန္တ​လေးခရိုင်​ပါတီဥက္ကဌ  ဦး​ဘိုသင်းမှ ပြိုင်​ပွဲကျင်းပရခြင်းရည်​ရွယ်​ချက်​များကို ရှင်းလင်းတင်​ပြခဲ့ပါ သည်​။

ထို့​နောက်​ ကျပန်းစကား​ပြောပြိုင်​ပွဲ၊ စကားရည်​လုပြိုင်​ပွဲ၊ သီချင်းဆိုပြိုင်​ပွဲများကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရှိရပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး