မိခင်ဝိုင်း ထောက်ပံ့ငွေပေးရာသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါဝင်ကူညီ

 

မအူပင် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ မိခင်ဝိုင်းများသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ် ခြင်းကို ယမန်နေ့က လေးအိမ်စုကျေးရွာနှင့် မလက်တိုကျေးရွာများ ၌ ပြုလုပ်ရာ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ခြင်းမှာ ဧရာဝတီတိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ မအူပင်မြို့နယ်အတွင်းရှိ လေးအိမ်စုကျေးရွာ အုပ်စုရှိ လေးအိမ်စု မိခင်ဝိုင်းနှစ်ဝိုင်း၊ ကုက္ကိုစုမိခင်ဝိုင်းနှစ်ဝိုင်း၊ မလက်တိုကျေးရွာအုပ်စုရှိ မလက်တိုမိခင်ဝိုင်းတစ်ဝိုင်း စုစုပေါင်း မိခင်ဝိုင်းငါးဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၃၅ဝဝဝဝကို မအူပင် ခရိုင် လူမှုဝန်ထမ်းဦးစီးအရာရှိ ဦးဝင်းဌေးက သွားရောက်ပေးအပ်ရာ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ် ပါတီကော်မတီဝင်များ လိုက်ပါကူညီဆောင်ရွက်ခဲ့သည်။

ဖြိုးမောင်ဇော်(မအူပင်)