၂၂-၂-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့၊ ပါတီလူငယ်အဖွဲ့အင်အား (၄၀) ကျော်တို့ သည် မိုင်းကိုးကျေးရွာအုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
နံနက် (၁၀) နာရီတွင် မိုင်းကိုးအုပ်စု၊ ရန်ရှင်း (၄)ေ ကျးစွာသို့ ရောက်ရှိပြီး ပါတီခေါင်းဆောင် ဦးကျအူ၊ ကျေးရွာသူကြီး ဦးအေးဖေနှင့် ပါတီအဖွဲ့ဖြင့် တွေ့ဆုံပြီး ကျေးရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာပေးထားသည့် ပါတီဝင်ကဒ် (၁၅၃) ကဒ်အား ပေးအပ်ပြီး ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ကျေးရွာမှ ပါတီအမျိုးသမီးအဖွဲ့ နှင့် ရပ်ကွက်ပါတီအမျိုးသမီးများ တွေ့ဆုံမိတ်ဆက်ပြီး ပါတီရှေ့လုပ်ငန်းစဉ်များညှိနှိုင်းခြင်းများေ ဆာင်ရွက်ခဲ့ပါသည်။