မိုင်းဆတ်​မြို့နယ်​ လစဉ်​ပုံမှန်​ညှိနိုင်းအစည်းအ​ဝေးပြုလုပ်

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊မိုင်းဆတ်​မြို့နယ်​၊ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန် ​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကို မိုင်းဆတ်​မြို့နယ်​ မြို့နယ်​ပါတီဥက္ကဌ ဦးဒါဝိဒ်​နှင့် မြို့နယ်​​ကော်​မတီဝင်များ၊ရပ်ကျေး               ခေါင်းဆောင်းများဖြင့့်(၂၉.၁.၂၀၁၈)ရက်​​နေ့တွင်​ မိုင်းဆတ်​ပါတီရုံးအစည်းအ​ဝေးခန်းမတွင်​​တွေ့ဆုံခဲ့ပြီး ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းများ ​ဆောင်​ရွက်​နိုင်​​ရေးအတွက်​ ရပ်​ကွက်​၊​ကျေးရွာပါတီ​ခေါင်း​ဆောင်​သစ်​များဖြင့် ပြန်လည်​ဖွဲ့စည်းခန့်အပ်တာဝန်ပေးအပ်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျေးရွာတံတားဖွင့်ပွဲ တက်ရောက်အားပေး

၂၁ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ အတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ကော်မတီဝင် ဦးကျာဒေါလုံ၊ မြို့နယ် ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်လွင်၊ ဦးအောင်ထန်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ၊ ပါတီ လူငယ်များသည် တာလေမြို့နယ် တာကြန့်ကျေးရွာအ၀င် တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့ကြပါသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ပြည်ခိုင်ဖြိုးပါတီ ရိုးရာပွဲတော်များတက်ရောက်အားပေး

၁၈ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သည့် (ဒသမ) အကြိမ်မြောက် အာခါ ” ခါးထောင်းဖား ” ပွဲတော်နှင့် ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါပွဲတော်များသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံး ဆိုင်၊  ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ တာချီလိတ်မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ကော်မတီဝင်များမှ (ဒသမ) အကြိမ်မြောက် အာခါ ” ခါးထောင်းဖား” ပွဲတော်သို့ တက်ရောက်အားပေးခဲ့ကြပါသည်။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယနေ့ အကြိုဗိုလ်လုပွဲ သွားရောက်အားပေး

၁၄ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင် / မြို့နယ်ပါတီ ဥက္ကဌ (ဖလား) လူငယ်လောလုံးပြိုင်ပွဲ (ဒုတိယနေ့) အကြိုဗိုလ်လုပွဲအဖြစ် ဗေသလလူငယ်အသင်းနှင့် တောင်သုံးလုံးလူငယ်အသင်း ယှဉ်ပြိုင်ကစားရာသို့ (ဗဟို) ပါတီကော်တီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များမှ သွားရောက်ကြည့်ရှူ အားပေး ကြပါသည်။

တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းခြင်းလုံးပြိုင်ပွဲ ကျင်းပခြင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ (ဖလား) အပျော်တမ်းခြင်းလုံးပြိုင်ပွဲကို တာချီလိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းတွင် အသင်း (၉) သင်း ၀င်ရောက် ယှဉ်ပြိုင်ပြီး ယနေ့ (၁၄ – ၁၂- ၂၀၁၇ ) ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားကြပါသည်။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဘော့လုံးပြိုင်ပွဲ သွားရောက်အားပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ (ဖလား) လူငယ်ဘော့လုံးပြိုင်ပွဲကို တာလေ မြို့နယ်တွင် အသင်း (၁၂) သင်း ၀င်ရောက်ယှဉ်ပြိုင်ပြီး (၂၇ – ၁၁ – ၂၀၁၇ ) ရက်နေ့မှ စတင်ယှဉ်ပြိုင် ကစားလျှက်ရှိရာ လက်ရှိ (၄) သင်းသာကျန်ရှိ အကြိုဗိုလ်လုပွဲ (ပထမ) ပွဲစဉ်အဖြစ် ဆမ်ကျန်ခမ်းလူငယ် အသင်းနှင့် ရန်ကင်း (၁) လူငယ်အသင်းတို့ (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြပါသည်။

ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဖြတ်အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခြင်း

၁၂ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်းသည် မိုင်းဖြတ်ခရိုင် / မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များနှင့် တွေ့ဆုံရန် တာချီလိတ်မှ မိုင်းဖြတ်သို့ နံနက် ၉း၃၀ နာရီအချိန်တွင် ခရီးထွက်ခွာခဲ့ပါသည်။

တာချီလိတ်ခရိုင် ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးခင်မောင်လွင်၊ ဦးအားလောင်း၊ ဦးစိုးကျော်အောင်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ ပါတီလူငယ်များနှင့် (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းလပ်မြို့၊ တာလေမြို့နယ်များသို့ ကား (၂) စီးဖြင့် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခြင်း

(၂၇-၁၁-၂၀၁၇) ရက်နေ့ နေ့လည်(၁၄း၃၀) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ (ဖလား) လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တာလေမြို့၊ အမှတ် (၃၁၆) တပ်ရင်းရှေ့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ (ဖလား) အပျော်တမ်းပိုင်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးများ ဆောင်ရွက်

(၁၃-၁၁-၂၀၁၇) ရက်နေ နံနက်(၈)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဥိးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ကော်မတီဝင် ဥိးအောင်ဝင်း၊ ဦးစိုးကျော်အောင်၊ ဦးကျော်ငြိမ်းအောင်၊ ဦးခင်မောင်ထွန်းနှင့် ပါတီရုံးဝန်ထမ်းများ စုပေါင်း၍ တာချီလိတ် ခရိုင်/ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးနှင့် ကွင်းဘေးသစ်ကိုင်းခုတ် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ပါသည်။