တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အန္တိမဈာပနပွဲတွင် ပါဝင်ဖူးမျှော်ခြင်းဖြင့် စတုဒီသာ ကုသိုလ်ပြုခဲ့

(၁၅-၁၀-၂၀၁၇)ရက်နေ့၊ နံနက်(၇း၃၀) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ကော်မတီဝင် ဦးစိုင်းလုံထီ၊ ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးစိုးကျော်အောင်၊

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့ ဆီမီးတစ်ထောင် လှူဒါန်းပူဇော်

 

သီတင်းကျွတ်လပြည့် နေ့ (အဘိဓမ္မာ အခါတော်နေ့  ) ည (၁၉.း ၀၀)နာရီ အချိန်တွင် တာချီလိတ်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ စုပေါင်းပြုလုပ်သည့် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်း
ကို တာချီလိတ်မြို့၊ ရွှေတိဂုံစေရင်ပြင်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည် ။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

 

( ၁ – ၁၀ – ၂၀၁၇ ) ရက်နေ့၊.နံနက် (၉)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်၊မကာဟိုခမ်းရပ်ကွက်မြို့နယ်ဓမ္မရုံတွင် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်ပိုများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တာချီလိတ်မြို့ပေါ်-ရပ်ကွက်မှ အဘိုး-အဘွား (၂၀၁)ဦးရှိသည့်အနက် (၉၂)ဦးတက်ရောက်ခဲ့ကြပါသည်၊ ယနေ့ဘိုးဘွားများအားစုပေါင်းကန်တော့ငွေနှင့် ပစ္စည်း တန်းဘိုးမှာ ကျပ်(၈၃)သိန်း၊(၇)သောင်းဖြစ်ကြောင်း ကျန်ဘိုးဘွားများကိုလည်း နေအိမ် အရောက်သွားရောက်ကန်တော့မှာဖြစ်ကြောင်းသိရပါသည်။

မိုင်းဆတ်မြို့ပြည်ခိုင်ဖြိုးပါတီမှ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် ဘိုး-ဘွား (၁၀၇)ဦးပူဇော်ကန်တော့ခြင်း

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်-မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ဘိုး-ဘွား(၁၀၇)ဦးအားစုပေါင်းကန်တော့ခြင်းအခမ်းအနားကို မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် (၁ – ၁၀-၂၀၁၇ )ရက်နေ့ ၊နံနက် (၀၇း၃၀ )တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခထ္ထိယ ၊ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သည့်       ဦးစိုင်းသန်းဝင်း၊ဦးဒါဝိတ်တို့မှလှူဘွယ်ပစ္စည်းများနှင့်အတူတက်ရောက်အားပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ

မိုင်းတုံမြို့ပြည်ခိုင်ဖြိုးပါတီမှ ပါတီရှေ့လုပ်ငန်းစဉ်များဆောင်ရွက်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၂၇.၉.၂၀၁၇ )ရက်နေ့ အချိန်တွင် ရှမ်းပြည်နယ်ပါတီဥက္ကဌနှင့့် မိုင်းဆတ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်  လွှတ်တော်ကိုယ်စားလှယ်များသည် မိုင်းတုံမြို့နယ်ပါတီကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များအား ဆောင်ရွက်ရန် စည်းဝေးမှာကြားခဲ့ကြောင်း သိရ  သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ


ရှေးဟောင်းသမိုင်းဝင်စေတီတော်ပြုပြင်တည်ဆောက်ရေးတွင်လုပ်အားဒါနပါဝင်ခြင်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(ခ)အုပ်စု၊စွတ်ဆိုင်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် လွယ်ယွန်းခမ်းစေတီတော်ကြီးအားမိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရဘုရား ဦးဆောင်၍ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိရာ (၁၆-၉-၂၀၁၇ ) ရက်နေ့တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်း ၀င်းအောင်နှင့်မြို့နယ်အဆင်ဌာနဆိုင်ရာများ၊တပ်မတော်သားများ၊လူမှုရေးအသင်းအဖွဲ့များနှင့်အတူစုပေါင်းလုပ်အားဒါနပြုလုပ်ကြရာတာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ   ခရိုင်ဥက္ကဌနှင့်မြို့နယ်ကော်မတီဝင်များ၊လူငယ်အဖွဲ့ဝင်များလိုက်ပါ၍စေတီတော်တည်ဆောက်ရေးလုပ်ငန်းများတွင်တက်ကြွစွာပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည် ။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက် ======

 

မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် စာသင် ခန်းများ၊ ခန်းမများ၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

ပြည်သူ့လိုအပ်နေသည့် လယ်ရေရရှိရေး ဆောင်ရွက်ပေးမည်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်​မြို့ (၇.၉.၂၀၁၇) ရက်​​နေ့တွင် ပြည်​သူလွှတ်​​တော်​ ဦးလင်း​ဇော်​ထွန်းနင့်​ ပြည်​နယ်​လွှတ်​​တော်​ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်း​ကျောက်​၊ ဦးအားကို တို့သည် ခရိုင်ပါတီ ဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရီတစ်တို့နှင့်အတူ ပါပူးရွာ ပြည်​သူလူထုနင့်​ ​တွေဆုံခဲ့ပါသည်။

အခမဲ့ကွန်​ပြူတာအ​ခြေခံသင်​တန်း(၁/၂၀၁၇) သင်တန်း ဖွင့်​လှစ်

 

ဓနုကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ပင်းတယမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ ရေးနှင့်​ဖွင့်​ဖြိုး​ရေးပါတီမှ ကြီးမှူး၍ ယ​မန်နေ့နံနက်​(10)တွင်​ မြို့နယ်​ရုံး ခန်းမ၌ ကျင်းပရာ ရှမ်း​တောင်​ ပါတီပြည်​နယ်​ အရံ​ကော်​မတီဝင်​ ​တောင်​ကြီးခရိုင်​ ပါတီ​ကော်​မတီဝင်​ နယ်​​မြေတာဝန်​ခံနှင့်​ မြို့နယ်​အလုပ်​ အမှူ​ဆောင်​​ ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများမှ တက်​​ရောက်​အမှာစကား​ပြောကြားပြီး သင်​တန်းသို့ တက္ကသိုလ်​ဝင်​တန်း​အောင်​များ၊ ဘွဲရလူငယ်​များ စုစု​ပေါင်း ၆၁ ဦး တက်​​ရောက်​​ကြောင်းသိရှိရပါသည်​။

ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ခိုင်ဇြိုးပါတီမှ ရခိုင်ပြည်နယ် မောင်းတော ခရိုင် နေရပ်ရှောင်ပြည်သူများအတွက် အလှူငွေများ လှူဒါန်း

 

3:9:2017 ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုင်းဆိုက်ကျောက်ဆမ်  နှင့်အတူ ပြည်နယ်ကော်မတီဝင် များဖြစ်သော ဒေါ်နန်းနော်၊ ဒေါ်နန်းကိန်ခမ်း၊ ဦးစိုင်းဟွမ်နွဲ့တို့သည် ကျိုင်းတုံမြို့ မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်၊မောင်းတောခရိုင်၊နေရပ်ရှောင်ပြည်သူများအတွက် ပါတီကိုယ်စားသွားရောက်၍ အလှူငွေ (၁၀၀၀၀၀ိ/-) ကျပ် တစ်သိန်းသွားရောက်ပေးလှူခဲ့ကြသည်။

(HN)