တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အသက်​ (၉၀) နှစ်​အထက် ဘိုးဘွားများအား ဂါဝရပြုကန်​​တော့ခြင်း

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင်​ ​ဒေါ်တင်​​မေထွန်း (ရှမ်း/​ရှေ့အမျိုးသမီး​ရေးရာတာဝန်​ခံ)နှင့် တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီခရိုင်​​ကော်​မတီ ဦးဟန်​ဦး၊ ဦးခင်​​မောင်​ထွန်း၊ ခရိုင်​အမျိုးသမီး​ရေးရာ​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း နှင့်​ မြို့နယ်​​ကော်​မတီဝင်​များ၊ အမျိုးသမီးအဖွဲ့ဝင်​များ လိုက်​ပါ၍ ယ​နေ့ (၁၁.၇. ၂၀၁၈) ​နေ့တွင်​ ဝမ်​​ကောင်းရပ်​ကွက်​​နေ အဖွား​ဒေါ်တင်​မြ (အသက်​-၉၇) နှစ်​၊အဖွား​ဒေါ်မာရီယာ(အသက်​-၁၀၀)နှစ်​နှင့် အဖွား​ဒေါ်ဖီ​နေး(အသက်​-၉၃) နှစ်​ သို့အားလည်း​ကောင်း ၊ ဖန်​မင်​​ကျေးရွာအုပ်​စု၊ မယ်​ယန်း​ကျေးရွာ​နေ အဖွား​ဒေါ်နန်း​နော်​(အသက်​-၉၄)နှစ်​၊ အဖွား​ဒေါ်ဥ(အသက်​-၉၆)နှစ်​သို့အားလည်း​ကောင်း၊ မိုင်းကိုး​ကျေးရွာအုပ်​စု၊ ဆီလီ​ငေါ့ရွာ​နေအဖွား​ဒေါ်ဝမ်​နား(အသက်​-၉၄)နှစ်​၊ အဘိုးဦးလုံးခမ်းပုံ (အသက်​-၉၆)နှစ်​နှင့် ဝပ်​ကဲ၂ ​ကျေးရွာ​နေအဖွား​ဒေါ်အီဆွတ်​(အသက်​-၉၄)နှစ်​တို့အားလည်း​ကောင်း ​နေအိမ်​ရာအ​ရောက်​သွား​ရောက်​ခဲ့ပြီး အသုံးအ​ဆောင်​ပစ္စည်း၊ မုန့်​ပုံး၊ နို့​အေးကဒ်​များ အဖိုးအဖွားများ အား အလှူဒါနပြုလုပ်​ရန်​ ​ငွေ​ကြေးများ ​ပေးအပ်​ကန်​​တော့ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းသို့ သင်တနိးပို့ချမှုဆောင်ရွ

 

၁၁-၇-၂၀၁၈ ရက်နေ့၊နံနက် (၀၈း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ၊ ရှမ်ပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ.ပါတီဌာနချုပ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ် (၅) သို့ ရောက်ရှိပြီး ” ပါတီများ၏ နိုင်ငံရေးသဘောတရားနှင့်လုပ်ငန်းစဉ်များ” ကို သင်တန်း (၄) ချိန်ရယူပြီး ပို့ချခဲ့ပါသည်။
သင်တန်းတွင် ဗဟိုအလုပ်အမှုဆောင်.ဦးစိုးနိုင်၏ပို့ချချက်များနှင့်ပတ်သက်ပြီးသင်တန်းတက်ရောက်လာသော တိုင်းနယ်ပြည်နယ်အသီးသီးက သင်တန်းသားတစ်ဦးစီမှ မိမိဒေသရှိနိုင်ငံရေးပါတီများ (မိမိပြိုင်ဘက်ပါတီများ) ၏ ဖွဲ့စည်း၊ စည်းရုံး၊ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
သင်တန်းသို့.တိုင်းနယ်ပြည်နယ်အသီးသီးမှ သင်တန်းသား/သူ (၁၂၆) ဦးတက်ရောက်ခဲ့ပြီး ရှမ်း (အရှေ့) မှ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းတုံမြို့နယ်မှ သင်တန်းသား (၄) ဦး တက်ရောက်ခဲ့ကြောင်းသိရှိ ရ ပါသည်။

တာချီလိတ်​ခရိုင်​/မြို့နယ်​ပါတီ​ရှေ့လုပ်​ငန်းစဉ်​များ ​ဆောင်​ရွက်​​ရေးညှိနိုင်းအစည်းအ​ဝေးပြုလုပ်

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟို​ကော်​မတီဝင်​ (ရှမ်း/​ရှေ့) အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်တင်​​မေထွန်းသည် ​ယ​နေ့ (၆.၇.၂၀၁၈)၊ နံနက် ​(၈) နာရီအချိန်​တွင်​ ရပ်​ကွက်​/​ကျေးရွာအမျိုးသမီး​ရေးရာအဖွဲ့ဝင်​များနှင့် ​တွေ့ဆုံအစည်းအ​ဝေးအား တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ အစည်းအ​ဝေးခန်းမတွင်​ ပြုလုပ်​ခဲ့ပါသည်​ ။
ထို့​နောက်​ ဗဟို​ကော်​မတီဝင်​ ဦးဝိလ်​ဆင်​မိုး၊ ခရိုင်ဥက္ကဌ ဦးဘိုစံနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်းနှင့် မြို့နယ်​​ကော်​မတီဝင်​များနှင့် ဆက်​လက်​​​တွေ့ဆုံ၍ ပါတီ၏လုပ်​ငန်း​ဆောင်​ရွက်​မူအ​ခြေအ​နေများ သုံးသပ်​ခြင်း၊ ​ရှေ့လုပ်​ငန်းစဉ်​များ ဆက်​လက်​​ဆောင်​ရွက်​နိုင်​​ရေးတို့ကိုညှိနိုင်းအစည်းအ​ဝေးပြုလုပ်​ခဲ့ပြီး ယနေ့အစည်းအဝေးတွင် ရပ်​​ကျေးဥက္ကဌအဖြစ်​ တာဝန်​​ပေးအပ်​ရန်​ ကျန်​ရှိ​နေ​သေး​သော ရပ်​​ကျေးများအား တာဝန်​​ပေးအပ်​ပွဲကျင်းပရန်​နှင့် တက္ကသိုလ်​ဝင်​တန်း​အောင်​မြင်​ခဲ့သည့် ပါတီဝင်​မိသားစုများ၏ရင်​​သွေးများအား ဂုဏ်​ပြု​ပေးနိုင်​​ရေးကိစ္စများ၊ ​ကျေးရွာအုပ်​စုများသို့ ကွင်းဆင်း၍ ပညာ​ရေး​ထောက်​ကူပြုစာ​ရေးကိရိယာများ ကူညီပံ့ပိုး​ပေးနိုင်​​ရေးအတွက် အမာခံကျေးရွာများသို့ ကွင်းဆင်းရန် ဆုံးဖြတ်ခဲ့ကြ
ကြောင်းသိရှိရ​ပါသည်​ ။

ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုဆုများချီးမြင့်

 

ရှမ်းပြည်နယ် ( အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၄ •၇•၂၀၁၈)ရက်၊ဗုဒ္ဓဟူးနေ့ ၊နံနက်(၁၀:၀၀)နာရီ အချိန်တွင် (အ•ထ•က)ကျောင်း၂(၀၁၇-၂၀၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား / သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးတို့မှ တတ်ရောက်ခဲ့ကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

ရှမ်းမြောက် မိုးမိတ်ခရိုင် လူငယ်များ ဘုရားတည်ဆောက်ရေး လုပ်အားကုသိုလ်ယူ

 

ရှမ်းမြောက် မိုးမိတ်ခရိုင် ဥက္ကဌ ဦးစိုးမြင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်/ကျေး ဥက္ကဌများ၊ လူငယ်ပါတီဝင်များ၊ ခရိုင် / မြို့နယ်ရုံးအဖွဲ့များ စုစုပေါင်း (၆၀) ဦးတို့သည် ယနေ့နံနက် (၆း၄၅) အချိန်တွင် လက်ခုပ်တန်းရပ်ကွက် သန္တိသုခဓမ္မာရုံ ပရိဝုဏ် အတွင်း၌ တည်ထားကိုးကွယ်မည့် လောကမာရ်အောင်စေတီတော် တည်ဆောက်ရေး ကျောက်သရစ်လောင်းခြင်းလုပ်ငန်းတွင် လုပ်အားကုသိုလ်ယူခဲ့ကြပါသည်။ အလှူရှင်များမှ ကောက်ညင်းပေါင်း၊ အကြော်၊ ကော်ဖီ၊ လဘက်ရည်များ ဧည့်ခံကျွေမွေးခဲ့ကြပြီး နံနက် (၁၀း၄၅) တွင် လုပ်အားကုသိုလ် ရပ်နားခဲ့ကြပြီး ရေစက်ချအမျှအတမ်း ပေးဝေခဲ့ကြပါသည်။

မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း

 

၂၈.၆.၂၀၁၈ ၊ မွန်းလွဲ(၂:၀၀) နာရီအချိန် မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်း၌ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုပါတီကော်မတီဝင် ဦးစိုင်းထွန်းစိန် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ လူငယ်ပါတီကော်မတီဝင်များတို့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပါသည်။
ဆက်လက်၍ ကျိုင်းတုံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးမှ နေပြည်တော် လူငယ်တွေ့ဆုံပွဲသွားရောက်ခဲ့သည့် မိုင်းပျဉ်းပြည်ခိုင်ဖြိုးလူငယ်ပါတီဝင်များအား ထောက်ပံ့ငွေကျပ် (၁) သိန်းကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက လူငယ်များထံအပ်နှံပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုအလုပ်အမှုဆောင်/မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) ဦးလင်းဇော်ထွန်း၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ် လှုပ်ရှားမှုများ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ ရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်/ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းသည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့်ဦးအားကို တို့နှင့်အတူ (၂၈.၆.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ခန်းမဆောင်၌ ကျင်းပပြုလုပ်သော မိုင်းဖြတ်မြို့နယ် မီးလင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်အုပ်စုစာရေးများ၊ မိုင်းဖြတ်မြို့နယ်တွင် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကန်လုံ ရေအားလျှပ်စစ်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မိုင်းဖြတ် မြို့နယ်တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ပါသည်။

ထီးတော်တင်အလှူမင်္ဂလာပွဲသို့ တက်ရောက်ခြင်း

 

(၁၃-၆-၂၀၁၈) ရက်နေ့တွင်၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ (အိုဆဲဗင်းတောင်)ကုသိန္နာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော ရန်အောင်မြေအဘယလာဘမုနိစေတီတော်မြတ်ကြီးအား ထီးတော်တင်ပူဇော်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုပါတီက်ာမတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်သည့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု မှ ပါတီအမျိုးသမီးအဖွဲ့အင်အား (၄၀) ဦး တက်ရောက်ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Htat Pine Soe

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ သက်​ကြီးဘိုးဘွားများအား သွား​ရောက်​ကန်​​တော့

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း(ရှမ်း​ရှေ့အမျိုးသမီး​ရေးရာတာဝန်​ခံ)၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း၊ မြို့နယ်​​ကော်မတီဝင်များ၊ မကာဟိုခမ်းရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ ဝင်​များနှင့် ​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင် ​​တွေ့ဆုံ၍ ပါတီအမျိုးသမီး​ရေးရာအဖွဲ့ လှုပ်​ရှား​ဆောင်​ရွက်​ရွက်​မှုများအား ​နွေး​ဆွေးညှိနိုင်းခဲ့ကြပြီး ​ဒေါ်တင်​​မေထွန်း၊ မြို့နယ်​ဥက္ကဌ၊ မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​အဖွဲ့များ အင်းအား (၂၀) ဦးလိုက်​ပါ၍ ယ​နေ့ (၇.၆.၂၀၁၈) ​နေ့တွင်​ မကာဟိုခမ်းရပ်​ကွက်​​နေ အဖွား​ဒေါ်ပါရှဲန်​အသက်(​ ၉၂) နှစ်​၊ အဖွား​ဒေါ်ခင်​သန်း အသက် (​၉၂) နှစ်​ရှိ အဖွားနှစ်​ဦးတို့အား ​နေအိမ်​ရာသို့သွား​ရောက်​ခဲ့ပြီး တစ်ဦးလျင်​ ကျပ်​တစ်​သိန်းတန်​ဖိုး​ (စောင်​၊ မုန့်​၊ အချိုရည်​ဗူးနှင့်​​ငွေသားများအား ​ပေးအပ်​ကန်​​တော့ခဲ့ကြပြီး မကာဟိုခမ်းရပ်​ကွက်​မှ အမာခံပါတီဝင်​တစ်​ဦးဖြစ်​သူေ​လဖျန်း​ဝေဒနာခံစား​နေရ​သော
ဦးသန်းနိုင်​အား ကြည့်​ရှု့၍ အချိုရည်​၊ မုန့်​များနှင့် ဘတ်​​ငွေတစ်​​ထောင်​ဘတ်​အား ​ပေးအပ်​ပြီး အား​ပေးနှစ်​သိမ့်စကား​ပြောခဲ့​ကြောင်း သိရှိရပါသည်​ ။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပုန်းထွန်ရပ်ကွက်နေသက်​ကြီးဘိုးဘွားများအား သွား​ရောက်​ကန်​​တော့ခြင်း

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း (ရှမ်း​ရှေ့အမျိုးသမီး​ရေးရာတာဝန်​ခံ)၊ ပုန်းထွန်​ရပ်​ကွက်​အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ၊ မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​အဖွဲ့များအင်းအား (၂၀) ဦးလိုက်​ပါ၍ ယ​နေ့ (၅.၆.၂၀၁၈) ​နေ့တွင်​ ပုန်းထွန်​ရပ်​ကွက်​​နေ အဖွား​ဒေါ်စမ်းငွန်း အသက်(​ ၉၀ ) နှစ်​၊ အဖွား​ဒေါ်တင်​မြ အသက်​( ၉၉) နှစ်​၊ အဖွား​ဒေါ်နန်းပန် အသက်​ (၉၄ ) နှစ်​ရှိ အဖွားသုံးဦးတို့၏​နေအိမ်​ရာသို့ သွား​ရောက်​ခဲ့ပြီး တစ်ဦးလျှင် ​ကျပ်​တစ်​သိန်းတန်​ဖိုးရှိ ​စောင်​၊ မုန့်​၊ အချိုရည်​ဗူးနှင့်​​ငွေသားများအား​ပေးအပ်​ကန်​​တော့ခဲ့ကြ​ကြောင်းသိရှိရပါသည်​ ။