မိုင်းယောင်း သြဂုတ် ၂၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီကော်မတီ ဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့တွင် အဖွဲ့သုံးဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် ပူးပေါင်းကာ မြို့ပေါ်ကိုးရပ်ကွက်၌ COVID ကာလအတွင်း ပြည် သူများ၏ စားဝတ်နေရေး အခက်အခဲကို အထောက်အပံ့ဖြစ်စေရန် အခြေခံမီးဖိုဆောင်သုံး စားကုန်ဖြစ်သည့် ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။