တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

 

ဇွန် ၅

(၅.၆.၂၀၁၉) ရက်နေ့တွင် တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီရုံး၌ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး ဦးဆောင်၍ ခရိုင်ဥက္ကဌ၊ ခရိုင်အတွင်းရေးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ၊ မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများ၊ အမျိုးသမီးအဖွဲ့များဖြင့် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် (၉.၆.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရေနွေးကြမ်းစကားဝိုင်းအတွက် ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ ထိုင်းဘတ် (၅၀၀၀) လှူဒါန်းရာ ခရိုင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်းဝိုးလှိုင်နှင့် အမျိုးသမီး အဖွဲ့ဝင် ဒေါ်ချိုချိလှိုင်၊ ဒေါ်မူအန်တူငဲတတို့ မှ လက်ခံရယူ ခဲ့ပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ