ရှေ့တန်းပြန်စစ်သည်များအား ကြိုဆိုခြင်း

 

(၇-၈-၂၀၁၇) နေ့လည် (၁) နာရီတွင် တာချီလိတ်မြို့ ခမရ (၃၃၁) ခြေမြန် တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ဇော်တေဇထွေး၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝဏ္ဏကျော်နှင့် အရာရှိ စစ်သည် များသည် ရှေ့တန်းစစ်မျက်နှာ အောင်မြေ (၂) ဒေသဖြစ်သော ကျထီနာ့၊ လွယ်ခမ်းချုံ ဒေသတွင် (၁)နှစ်(၄) လနှင့် (၇) ရက်ကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ရှေ့တန်းမှ မိခင် တပ်ရင်းသို့ ပြန်လည်ဝင်ရောက်လာရာ တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးဘိုစံ၊မြို့နယ် ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ကော်မတီဝင်များ၊ ပါတီဝင် အမျိုးသား အမျိုးသမီး လူငယ်များမှ အောင်သပြေ၊ နှင်းဆီပန်း များနှင့် သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

ပြည့်သူ့အကျိုးပြု ကွင်းဆင်းဆောင်ရွက်ခြင်း

 

(၈-၈-၂၀၁၇)ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေ ထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်အင်အား(၂၀)ဦးတို့သည် တာလေမြို့နယ်သို့ ကွင်းဆင်းသွားရောက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင် ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ(အ.မ.တ-ပန်ဟတ်)ကျောင်းအုပ်ဆရာကြီး ဦးသန်းထိုက်၏ အကူအညီတောင်းခံထားသည့် စာသင်ကျောင်းခန်း ရေစိမ့်ဝင်နေ၍ ရေတားအုတ်တံတိုင်းလိုအပ်နေခြင်းကို စတင်ကြည့်ရှု့ပြီး ကူညီပေးနိုင် ရေး ကိစွများကို ညှိနှိုင်းခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှု့ဆောင် ( ပါတီ လုပ်ငန်းစီစစ်ရေးဥက္ကဋ္ဌ)နှင့်တွေ့ဆုံပွဲ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုင်းတုံမြို့၊ (၁၂.၅.၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပ ပြုလုပ်သောဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ဝင် (ပါတီလုပ်ငန်းစီစစ်ရေးဥက္ကဋ္ဌ)နှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ နှင့် ပြည်နယ်ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်၊ မိုင်းဖြတ်ခရိုင်၊ တာချီလိတ် ခရိုင်တို့မှ ခရိုင်ဥက္ကဋ္ဌများ ပါတီကော်မတီဝင်များနှင့် ကျိုင်းတုံမြို့နယ် ဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ဦးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် ပါတီခရိုင်ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးကြကြောင်း ကနဦးသတင်းရရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ မိုင်းဆက် မြို့နယ် ရဲစခန်း၏လက်ရှိအခြေအနေ ရဲတပ်ဖွဲ့ဝင် အင်အားဖွဲ့စည်းပုံ၊ အဆောက်အဦး လိုအပ်ချက်များ ဆွေးနွေးတင်ပြ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခတ္တိယသည် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များလိုက်ပါ၍ မေလ (၄) ရက်နေ့က မိုင်းဆတ်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ခဲ့ရာ စခန်းရှိ မြို့နယ်မှူး ရဲမှူး အောင်နိုင်ရွှေ၊ စခန်းမှူး ဒုရဲမှူး သန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြသည်။

ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာပါတီခေါင်းဆောင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင် ပါတီဥက္ကဌ ဦးဘိုစံ နှင့် မြို့နယ်ကော်မတီဝင် များဖြစ်ကြသည့် ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်၊ ဦးထက်အောင် တို့သည် (၃၀-၄-၂၀၁၇) ရက်နေ့ နံနက် (၈) နာရီအချိန်က မိုင်းဟဲ (အောက်) အုပ်စု၊ ကျောက်လှိုင်ဂူ (အောက်) ရွာသို့ သွားရောက်၍ ကျေးရွာပါတီခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့သည်။

ဘိုးဘွား(၁၂)ဦးအား၊ အိမ်တိုင်ရာရောက်သွားရောက်ကန်တော့ခြင်း။

 

(၂-၅-၂၀၁၇)ရက်နေ့၊ နံနက်(၈)နာရီမှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်တီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ နှင့် ခရိုင်ကော်မတီဝင်များ၊ မြိ့နယ်ဥက္ကဋ္ဌ နှင့် မြို့နယ် ကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့၊ ပါတီလူငယ်အင်အား(၃၀)ဦးနှင့်အတူ မြို့ပေါ်ရပ်ကွက်မှ ဘိုး/ဘွား(၁၀)ဦး၊ မိုင်းဖုန်း(က)နှင့်တာလေမြို့နယ်မှ ဘိုးဘွား(၂)ဦး၊ စုစုပေါင်း(၁၂)ဦးအား တစ်ဦးလျှင် ငွေသား(၁၀၀၀၀)ကျပ်နှင့် တစ်ဦးလျှင် ကျပ်(၃၅၀၀၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆေး၊ အိပ်ယာခင်း၊ ဖျာ၊ မုန့်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရေဘူး၊ မျက်နှာသုတ်ပုဝါ၊ အားဆေး၊ ရှုဆေး၊ ဘိနပ်တို့နှင့်အတူ အိမ်တိုင်ရာရောက် ကန်တော့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

မိုင်းဆက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လေဘေးသင့် အိမ်ခြေများအတွက် အလှူငွေများပေးအပ်လှူဒါန်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းသန်းဝင်း (ဗဟိုကော်မတီ ဝင်) ၊ ခရိုင်ဥက္ကဌ ဦးစိုင်းခတ္တိယ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ခရိုင်/ မြို့နယ်ကော်မတီဝင်များလိုက်ပါ၍ (၂၇.၄.၂၀၁၇) ရက်နေ့တွင် (၂၂/ ၂၃. ၄.၂၀၁၇) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၌ လေပျင်းများတိုက်ခတ်မူ ကြောင့် စတုံးကျေးရွာအုပ်စု၊ မယ်ကြုပ်ကျေးရွာမှ လေဘေးသင့်အိမ်ခြေ
(၆၈)အိမ်မှ ပြည်သူများအတွက် ကျပ်သိန်း(၂၀) ထောက်ပံ့ပေးအပ် လှူဒါန်းပေးခြင်း၊ မိုင်းတွင်းမြေပြန့်အုပ်စု၊ မဟုန်ကွယ်ကျေးရွာနှင့် မဟုန်ကန်ကျေးရွာမှ လေဘေးသင့်အိမ်ခြေ (၃) အိမ်အတွက် ကျပ် (၂)သိန်း၊ မဟုန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး ကျောင်းအတွက်အလှူတော်ငွေကျပ် (၂)သိန်း ပေးအပ်လှူဒါန်းခဲ့ကြပါသည် ။

ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းဖြတ်မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလစဉ်ပုံမှန်လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပခြင်းနှင့်ရပ်ကွက်/ ကျေးရွာပါတီဝင်များမှကောက်ခံရရှိသောပါတီဝင်နှစ်စဉ်ကြေးများအား ပေးအပ်ခြင်းအခမ်းအနားကျင်းပရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းဇော်ထွန်း(ဗဟိုကော်မတီဝင်)၊ပြည်နယ်အရန်ကော်မတီဝင်ဦးစိုင်းကျောက်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို(ပြည်နယ်အရန်က်ာမတီဝင်)၊မိုင်းဖြတ်ခရိုင်ဥက္ကဋ္ဌဦးညွှန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊မြို့နယ်ဥက္ကဋ္ဌဦးစိုင်းရီတစ်နှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်/ကျေးရွာပါတီခေါင်းဆောင်များနှင့်(၁၀.၄.၂၀၁၇)ရက်နေ့တွင်
မိုင်းဖြတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ ကြ ကြောင်းသိရှိရပါသည် ။


တာချီလိတ်ပြည်ခိုင်ဖြိုး နွေရာသီအခြေခံသင်တန်းများ ဆင်းပွဲကျင်းပ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ဖွင့်လှစ်သော (နွေရာသီအခြေခံ) သင်တန်းများဖြစ်သည့် သိုင်းသင်တန်း၊ ပန်းချီသင်တန်း၊ အင်္ဂလိပ် စကားပြောသင်တန်းများ ဆင်းပွဲအခမ်းအနားအား ဧပြီလ (၃) ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။