နနွင်းနဲ့ သံပုယိုရည်ရောသောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ

နနွင်းနဲ့ သံပုယိုရည်ဟာ သင့်အတွက် ဆေးတစ်ခွက်လိုပါပဲ။ သင့်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပြီး အ၀လွန်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိဖျားနာ တာကို သက်သာစေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးဝမ်းမှန်စေ ပါတယ်။

နာနတ်သီး အခွံတွေ လွှင့်မပစ်သင့်တဲ့ အကြောင်းရင်း

 

နာနတ်သီးဆိုရင် အသားဝါ ဝါလေးတွေကိုသာ စားလေ့ရှိကြ ပေမယ့် အခွံတွေကိုတော့ အမှိုက် အဖြစ်သာ စွန့်ပစ်လေ့ရှိကြပါတယ်။ နာနတ်သီးအခွံမှာလည်း  ကျန်းမာရေး ကောင်းကျိုးတွေ ရှိနေတာမို့ အမှိုက်မဟုတ်တဲ့ အကြောင်းရင်းလေး သိထားရ အောင် ဖော်ပြလိုက်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ်

ကမ္ဘာတဝှမ်းလုံးက လူသန်းပေါင်းများစွာဟာ မိမိကိုယ်ကိုယ် ဆေးလိပ်ဖြတ်ဖို့လိုပြီလို့ ပြောရင်း ဆေးလိပ်မဖြတ်နိုင် ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ဆေးလိပ်လျှော့သောက်သင့်ပြီဆိုတဲ့ အတွေးနဲ့ပဲ ရပ်တန့်ပစ်လိုက်မိကြပါတယ်။ တကယ်တမ်းကျတော့ ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓာကိုယ်က တောင့်တမှုထက် စိတ်မှာအကျင့်ဖြစ်သွားလို့ ဆက်သောက်မိတာက ပိုများပါတယ်။

ဆေးလိပ်ဖြတ်ဖို့အတွက် ပရိုဂရမ်တွေ၊ အထောက်အကူပစ္စည်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်အရ ဆေးလိပ်ဖြတ်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ အတွက် နည်းနည်းပြေးလွှားပေးဖို့တော့ လိုအပ်ပါတယ်။

ရှောက်ရွက်ရဲ့ အသုံးဝင်ပုံ

ရှောက်ရွက်နုလေးတွေ ဈေးထဲမြင်ရင် တို့စရာ အဖြစ် စားချင်စိတ်ကို ထိန်းမရအောင်ပါပဲ။ ရှောက်ရွက်ဟာ အနံ့ သင်းလှပါတယ်။ အရသာမှာ အနည်းငယ်ခါးပြီး ပူရှိန်းရှိန်း ဖြစ်ပါတယ်။ ရှောက်ရွက်ဟာ ဒီလို မိုးတွင်း ကာလတွေမှာတော့ ပိုပြီး လတ်ဆတ်ပါတယ်။

ဒူးနာသက်သာအောင် နာနတ်သီးစားပါ

နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိ ပါတယ်။

ဒါ့အပြင် ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်း ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေမှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင် တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။

အိပ်ဆေးမသောက်နဲ့ ငှက်ပျောသီးစားပါ

ညဉ့်နက်ချိန်ထိအောင် အိပ်မပျော်နိုင်ဖြစ်ခဲ့တဲ့ညတွေများနေပါသလား။ တော်တော်နဲ့အိပ်မပျော်လို့ အိပ်ဆေးကို လက်စွဲတော်အဖြစ် အားကိုးနေရတာမျိုးက ကျန်းမာရေးအတွက် မကောင်းပါဘူး။ အိပ်ဆေးစွဲနေတာကိုလည်း ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။

အိပ်မပျော်သူတွေအတွက် အိပ်ဆေးနေရာမှာ အစားထိုးဖို့ရာ အကောင်းဆုံးကတော့ ငှက်ပျောသီး (Banana)ပါပဲ။ ငှက်ပျောသီးစားခြင်းဟာ အိပ်စက်ခြင်းကို အထောက်အကူပြုစေနိုင် ကြောင်း ကျန်းမာရေးပညာရှင်တွေအားလုံးက ထောက်ခံထားကြပါတယ်။

ဂေါ်ဖီထုပ် ဟင်းချိုနဲ့ ဝိတ်ချကြည့်မလား

ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းနေသူတွေအတွက် အကုန်အကျလည်း သက်သာပြီး ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ ဝိတ်လျှော့ချင်တယ်ဆိုရင်တော့ ဂေါ်ဖီထုပ်ဟင်းချိုက ကူညီနိုင်ပါလိမ့်မယ်။

အဲဒီနည်းနဲ့ ဝိတ်ချမယ် ဆိုရင် ဂေါ်ဖီထုပ်ဟင်းချိုတစ်မျိုးတည်းကို အဓိကစားရမှာဖြစ်ပြီး စားသောက်နည်းကတော့ ဂေါ်ဖီထုပ် ဟင်းချိုတစ်ပန်းကန်နဲ့အတူ ငှက်ပျောသီးကလွဲလို့ တခြားသီးနှံတွေ အကုန်ဖြည့်စွက်စားနိုင်ပါတယ်။ နောက်ရက်မှာတော့ ဂေါ်ဖီထုပ် ဟင်းချို မပါတော့ဘဲ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေ ဖြည့်စွက်စားနိုင်ပြီး ပဲအမျိုးမျိုး၊ အာလူးစတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုတော့ ရှောင်ရမှာပါ။

ရုံးပတေသီးရဲ့ အကျိုးကျေးဇူး

ရုံးပတေသီးက သွေးအတွင်း ကိုလက်စထရော ဓာတ်တွေကိုကျဆင်းစေပြီး၊ အမြင်အာရုံကို ကောင်းစေကာ၊ အစာခြေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် အသားအရေကို လှပစေပြီး ကင်ဆာကို ကာကွယ်ပေးကာ အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။ နှလုံးရောဂါကို ကာကွယ်ပေးကာ သွေးလည်ပတ်မှု ကောင်းပြီး သွေးတိုးတာကိုလည်း ကာကွယ်ပေးပါတယ်။

“ဒီပျော်ရည်က သင့်အဆီပိုတွေကို တစ်ညတည်းနဲ့ လျော့ချပေးနိုင်”

“ဒီပျော်ရည်က သင့်အဆီပိုတွေကို တစ်ညတည်းနဲ့ လျော့ချပေးနိုင်” ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ ဒီဖျော်ရည်နဲ့ အဆီအနှစ်တွေကို ညတွင်းချင်း လောင်ကျွမ်းစေပါ။ ဒီဖျော်ရည်က ကိုယ်အလေးချိန် လျော့ချခြင်း အတွက် ကောင်းကျိုး ဖြစ်စေပါတယ်။

ကျန်းမာရေးကောင်းကျိုးများ

ငရုပ်ကောင်းမှုန့်- ငရုပ်ကောင်းမှုန့်က အစာခြေဖျက်မှု အားကောင်းစေပြီး အစာခြေဖျက်မှုအတွက် အသုံးတည့်ပါတယ်။ ရှာလကာရည်- အဆီကျအောင် လှုံ့ဆော်ပေးတယ်။ သံပုယို- အဆီကာကွယ်ရာမှာ အကျိုးပြုပေးတယ်။ အရောင်တင် ပန်းငရုပ်ကောင်းမှုန့်နဲ့ သံပုယိုသီး ဖျော်ရည်

ငှက်ပျောသီး အခွံ အသုံးချနည်း

ငှက်ပျောသီးစားပြီးရင် အခွံကို ဘယ်လိုလုပ်ကြသလဲ။ ပစ်လိုက်မှာပေါ့။ ဒါပင်မယ့် မပစ်ပါနဲ့ အသုံးဝင်တဲ့ နည်းလမ်းတွေရှိပါတယ်။

၀၁. ပိုးမွှားအကိုက်ခံရရင် ငှက်ပျောခွံနဲ့ ပွတ်နိုင်တယ်။ ဆေးပညာအရဆိုရင်တော့ အစွမ်းရှိတယ်ဆိုတာကို တရားဝင်ပြောကြားထားတာကို မတွေ့ရသေးပါ။ ငှက်ပျောခွံမှာပါတဲ့ သကြားဓါတ်က ယားယံခြင်းကို ပျောက် စေနိုင်ပါတယ်။ အချို့နေရာတွေမှာဆိုရင် ခြင်ကိုက်ခံရတဲ့နေရာတွေကို ငှက်ပျောခွံနဲ့ လိမ်းလေ့ရှိတယ်လို့ သိရပါတယ်။