ဂေါ်ဖီထုပ် ဟင်းချိုနဲ့ ဝိတ်ချကြည့်မလား

ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းနေသူတွေအတွက် အကုန်အကျလည်း သက်သာပြီး ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ ဝိတ်လျှော့ချင်တယ်ဆိုရင်တော့ ဂေါ်ဖီထုပ်ဟင်းချိုက ကူညီနိုင်ပါလိမ့်မယ်။

အဲဒီနည်းနဲ့ ဝိတ်ချမယ် ဆိုရင် ဂေါ်ဖီထုပ်ဟင်းချိုတစ်မျိုးတည်းကို အဓိကစားရမှာဖြစ်ပြီး စားသောက်နည်းကတော့ ဂေါ်ဖီထုပ် ဟင်းချိုတစ်ပန်းကန်နဲ့အတူ ငှက်ပျောသီးကလွဲလို့ တခြားသီးနှံတွေ အကုန်ဖြည့်စွက်စားနိုင်ပါတယ်။ နောက်ရက်မှာတော့ ဂေါ်ဖီထုပ် ဟင်းချို မပါတော့ဘဲ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေ ဖြည့်စွက်စားနိုင်ပြီး ပဲအမျိုးမျိုး၊ အာလူးစတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုတော့ ရှောင်ရမှာပါ။

နောက်ရက်မှာတော့ ဂေါ်ဖီထုပ် ဟင်းချိုတစ်မျိုးတည်းကိုပဲ တစ်နေ့စာအဖြစ် ပြန်စားရမှာပါ။ ပြီးရင်တော့ ငှက်ပျော်သီးစားဖို့အ လှည့်ရောက်ပြီဖြစ်ပြီး ဂေါ်ဖီထုပ်ဟင်းချိုနဲ့အတူ ဖြည့်စွက်စားပေး နိုင်ပါတယ်။

ဂေါ်ဖီ ဟင်းချိုနဲ့ ဝိတ် ချတဲ့ ငါးရက်မြောက်နေ့မှာတော့အရေခွံမပါတဲ့ကြက်သားတို့၊ အဆီမပါတဲ့ အမဲသား ၂၀ အောင်စ လောက်ကို ကြွက်သားတွေ သန်မာဖို့ စားပေးရမှာပါ။ နောက်တစ်ရက်မှာတော့ ဂေါ်ဖီဟင်းချိုနဲ့အတူ ဟင်းသီး ဟင်းရွက်၊ အသားအနည်းငယ် တို့ကို စားပေးရမှာပါ။ နောက်ဆုံး ရက်မှာတော့ ဂေါ်ဖီဟင်းချိုနဲ့အတူ ဆန်လုံးညိုနဲ့ ဟင်းသီးဟင်းရွက် တို့ကို စားပေးရမှာဖြစ်ပြီး တစ် ပတ်အတွင်း သိသာလာတာ တွေ့ ရမှာပါ။

7 Day