ထိပ်ပြောင် ၊ ထိပ်ကွက်သူများအတွက် တဖြေးဖြေး ဆံပင်ပြန်ပေါက်စေမယ့်နည်း

ဆံပင်ကျွတ်ခြင်း  ၊ ဆံပင်အသန်နည်းခြင်းတို့ကြောင့် တဖြေးဖြေး ထိပ်ပြောင် ၊ ထိပ်ကွက်ခြင်းတွေ ဖြစ်လာပါတယ် ။ အမျိုးသား ၇၀ ရာခိုင်နှုန်းဟာ ထိပ်ပြောင်ခြင်းနဲ့ ရင်ဆိုင်ကြုံတွေ့ နိုင်ပါတယ် ။ အထူးသဖြင့် အမျိုးသား များ ဆံပင်ကျွတ်ခြင်းက ထိပ်ပြောင်ခြင်းကို ဖြစ်စေတဲ့ ယေဘုယျအကြောင်းအရင်းဖြစ်သလို အမျိုးသားများ၏ လိင်ဟော်မုန်းကြောင့်လည်း အဖြစ်များကြပါတယ် ။ ဒါ့ကြောင့် အမျိုးသားများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ထိပ်ပြောင် ၊ထွက်ကွက်ခြင်းတွေကို အောက်ပါနည်းလမ်းတွေနဲ့ တဖြေးဖြေးချင်း ဆံပင်ပြန်ပေါက်လာအောင် ပြုလုပ်နိုင်ပါတယ်။

၁။ ကြက်သွန်နီ                နည်းလမ်းတွေအများကြီးထဲကမှ ဒီနည်းလမ်းကတော့ အထိရောက်ဆုံးနဲ့ လူသုံး အများဆုံး နည်းလမ်းပါပဲ ။ ကြက်သွန်နီကို အခွံခွာပြီးရင် ထက်ခြမ်းလှီးပါ ။ ထို့နောက် လှီးထားသောဖက်မှနေ၍ ပြောင်နေသောနေရာသို့ ပွတ်ပေးပါ ။ ပြောင်နေသော ဦးခေါင်းမှ အနီရောင်ဘက် နည်းနည်းသန်းသည်အထိ ပွတ်ပေးပါ ။ ကြက်သွန်ဖြင့် ပွတ်ပြီးလျှင် ပျားရည်လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာ ထားလိုက်ပြီးလျှင် ခေါင်းလျှော်လို့ ရပါပြီ ။ မနက်တစ်ခါ ၊ ညနေတစ်ခါ ပုံမှန် ပြုလုပ်ပေးပါ။

၂။ ကြက်ဥ             ကြက်ဥတစ်လုံးကို ခေါက်မွှေလိုက်ပါ ။ ပြီးလျှင် ထိပ်ပြောင်ရာနေရာသို့ လိမ်းပေးပါ။ နာရီဝက်ခန့်ကြာလျှင် ခေါင်းလျှော်လိုက်လို့ ရပါပြီ။  ဦးရေပြားတစ်ခုလုံးကို လိမ်းမယ်ဆိုလျှင်လည်း ဆံပင် ကျွတ်ခြင်းကို သက်သာစေတဲ့အပြင် ဆံပင်ကျန်းမာသန်စွမ်းဖို့ကိုလည်း အထောက်အကူပေးပါတယ်။ တစ်ပါတ် လျှင် ၂ကြိမ်မှ ၃ကြိမ် ခန့်ထိ ပုံမှန်ပြုလုပ်ပေးရမှာပါ ။ အချို့က သံလွင်ဆီရော၍လည်း ပြုလုပ်ကြပါတယ် ။သို့သော် ကြက်ဥသီးသန့် အသုံးပြုခြင်းက ပိုပြီး ထိရောက်မှု ရှိပါတယ် ။

၃။ မာလကာရွက်      မာလကာရွက်အချို့ကိုယူပြီး ရေ ၁လီတာခန့်ထည့်ကာ ဆူပြီး ရေများ အညို၊ အနက်ရောင်ဘက် ပြောင်းသညအထိ ပြုတ်ပါ ။ ထို့နောက် အအေးခံပြီး ယင်းမာလကာရွက်ပြုတ်ရေဖြင့် ဦးရေပြားကို နှိပ်နယ်ကာ လိမ်းပေးပါ  ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ဆံပင်များ တဖြေးဖြေး ပေါက်လာတာကို မြင်တွေ့ရမှာပါ။

၎။ပျားရည် နှင့် သံလွင်ဆီ

ပျားရည်နှင့် သံလွင်ဆီကို လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်စီယူပြီး နှံ့စပ်အောင် မွှေပေးပါ ။ ထို့နောက် သစ်ဂျပိုး ခေါက်မှုန့်ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းစာခန့် ရောထည့်၍ မွှေပါ ။  ထို့နောက် ပြောင်နေသော ဦးရေပြားပေါ်သို့ လိမ်းပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေဆေးချလိုက်ပါ။ တစ်ပါတ် ၂ကြိမ်ခန့်နှုန်းဖြင့် ၃ ၊ ၄လခန့်ကြာလျှင် သိသာ ထင်ရှားတဲ့ ရလဒ်ကို  ပိုင်ဆိုင်ရမှာပါ ။

အထက်ပါနည်းလမ်းတွေအပြင် သံလွင်ဆီ ၊ အုန်းဆီ စသဖြင့် ကောင်းမွန်သောအဆီတွေနှင့် ညတိုင်း ဆံပင်မသန်သော ဦးရေပြားကို နှိပ်နယ်လိမ်းပေးခြင်းကလည်း ဆံပင်သန်စွမ်း လာစေမယ့် အလေ့အကျင့် ကောင်း တစ်ခုပဲ ဖြစ်ပါတယ် ။

Credit: CHAN (ရွှေအင်းလေး)