အပူဒဏ္အႏၲရာယ္ အထူးသတိျပဳကာကြယ္

ယခုအခ်ိန္ကာလသည္ အလြန္ပူျပင္းေျခာက္ေသြ႕သည့္ ေႏြရာသီကာလျဖစ္သည္။ ျမန္မာျပည္ရာသီဥတုအေနျဖင့္ မတ္လ၊ ဧၿပီလႏွင့္ ေမလတို႔သည္ ပူျပင္းေသာကာလမ်ားျဖစ္သည္။ ျမန္မာတို႔၏ ၁၂ လရာသီကာလအားျဖင့္ ကဆုန္၊ နယုန္ ရာသီကာလသည္ မေနနိုင္ေလာက္ေအာင္ ပူျပင္းလွသျဖင့္ “ကဆုန္-နယုန္ ေဆြ႕ေဆြ႕ခုန္” ဟု အမႊမ္းတင္ထားသည္။ ေႏြရာသီကာလသည္ ျဖစ္ေလ့ျဖစ္ထျဖစ္ေသာ္လည္း သာမန္အေျခအေနထက္ ထူးျခားသည့္အပူဒဏ္ေၾကာင့္ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားကို သတိျပဳရမည္ျဖစ္သည္။

ယခုေႏြရာသီကာလ အပူရွိန္မွာ ယခင္ႏွင့္မတူ ပိုမိုပူျပင္းသည့္ခံစားမႈကို ၾကဳံေတြ႕ရသည္။ ယမန္ႏွစ္မ်ားကလည္း ယခုထက္ပိုမိုပူျပင္းသည့္ ခံစားမႈမ်ိဳးကို ရရွိခဲ့ၿပီးျဖစ္သည္။ ယခုႏွစ္ ေႏြရာသီကာလတြင္ အင္အားအသင့္အတင့္ရွိေသာ အယ္လ္နီညိဳျဖစ္စဥ္ေၾကာင့္လည္း တစ္ေန႔တျခားပိုမိုပူျပင္းလာသည့္ သေဘာမ်ား ရွိေနသည္။ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနကလည္း ယခုရက္ပိုင္း ကာလမ်ားအတြင္း အင္အားအသင့္အတင့္ရွိေသာ အယ္လ္နီညိဳျဖစ္စဥ္အေျခအေနႏွင့္ ေန႔လယ္အပူခ်ိန္ ၁ ဒသမ ၅ ဆဲလ္စီးယပ္အထိ ျမင့္မားလာမည္ဟု အသိေပးထားသည္။

ျပည္သူမ်ားအေနျဖင့္ အပူခ်ိန္ျမင့္မားလာမႈေၾကာင့္ အပူလၽွပ္ျခင္းအႏၲရာယ္ကို အထူးသတိျပဳသိရွိထားရမည္ျဖစ္သည္။ လူတစ္ဦးတစ္ေယာက္သည္ ခႏၶာကိုယ္အပူခ်ိန္ ၁၀၄ ဒီဂရီဖာရင္ဟိုက္ (၄၀ ဒီဂရီစင္တီဂရိတ္)ႏွင့္ အထက္ရွိလာလၽွင္ က်န္းမာေရးအတြက္ အႏၲရာယ္ရွိေသာ အဆင့္သို႔ေရာက္ရွိလာသည္။ ျပင္ပအပူခ်ိန္ ျမင့္တက္လာေသာအခါတြင္ ပတ္ဝန္းက်င္ရွိ ေရႏွင့္ အရာဝတၳဳမ်ားပါ ပူျပင္းလာသည္ကို ေတြ႕ရမည္ျဖစ္သည္။ အလားတူ ခႏၶာကိုယ္အပူခ်ိန္ပါ ျမင့္မားလာသည္။ ထို႔ေၾကာင့္ အပူခ်ိန္ျမင့္မားေနေသာ ေန႔လယ္ေန႔ခင္းအခ်ိန္မ်ားတြင္ အကာအကြယ္မပါဘဲ ျပင္ပသို႔ထြက္ျခင္းကို ေရွာင္ရွားၿပီး အရိပ္အာဝါသေအာက္တြင္သာ ေနထိုင္ၾကရန္လိုအပ္သည္။

အပူဒဏ္ေၾကာင့္ ျဖစ္ေပၚတတ္ေသာအႏၲရာယ္မ်ားတြင္ အပူလၽွပ္ျခင္းသည္ အစိုးရိမ္ရဆုံးအေျခအေနျဖစ္သည္။ အပူခ်ိန္ျမင့္မားမႈဒဏ္ကို ခံစားရေသာေၾကာင့္ ဦးေႏွာက္၊ ႏွလုံး၊ ေက်ာက္ကပ္ႏွင့္ ႂကြက္သားမ်ားကို ထိခိုက္ပ်က္စီးေစနိုင္ၿပီး အခ်ိန္မီကုသရန္ ေႏွာင့္ေႏွးေနပါက ထိခိုက္ပ်က္စီးနိုင္ေျချမင့္မားၿပီး အသက္အႏၲရာယ္ ထိခိုက္သည္အထိ စိုးရိမ္ဖြယ္ရာျဖစ္နိုင္သည္ကို သတိျပဳရမည္ျဖစ္သည္။ အထူးသျဖင့္ အပူႏွင့္အေအး ကြာျခားခ်က္ျမင့္မားသြားေစနိုင္သည့္ အေျခအေနကို အထူးသတိျပဳရမည္ျဖစ္သည္။ ပူေသာအေျခအေနမွ ေအးသည့္အေျခအေနသို႔ ႐ုတ္တရက္ကူးေျပာင္းျခင္း၊ ေအးသည့္အေျခအေနမွ ပူေသာအေျခအေနသို႔ ႐ုတ္တရက္ကူးေျပာင္းသည့္အခါ Heat Stroke ဟုေခၚသည့္ အပူလၽွပ္ျခင္း၊ ေလျဖတ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာျပတ္ျခင္း၊ အသက္ေသဆုံးျခင္းအထိ ျဖစ္နိုင္သည္ကို သတိျပဳရမည္ျဖစ္သည္။

အေနာက္တိုင္းေဆးပညာအရ ျပင္းထန္ေသာအပူခ်ိန္ေၾကာင့္ ေရႏွင့္မထိေတြ႕ရဘဲ သတိေမ့ေမ်ာျခင္း၊ စကားေမးမရျခင္း၊ အဖ်ားႀကီးျခင္းႏွင့္ အပူဒဏ္ကို ကာကြယ္ရင္း အေအး သို႔မဟုတ္ ေရေအးႏွင့္ ႐ုတ္တရက္ထိေတြ႕ၿပီး မေသဆုံးသင့္ဘဲ ေသဆုံးျခင္းျဖစ္သည္။ ဥပမာအားျဖင့္ ေနပူျပင္းေသာ ေန႔လယ္ပိုင္းအခ်ိန္တြင္ ေရာဂါအခံရွိသူမ်ား၊ အသက္အရြယ္ႀကီးရင့္ေသာသူမ်ား ႐ုတ္တရက္ျဖစ္တတ္သည့္ အေျခအေနႏွင့္ အသက္အရြယ္မေရြး အေအးဓာတ္ေပးထားေသာ ယာဥ္၊ အခန္းတြင္းတို႔မွ ပူျပင္းေနေသာျပင္ပသို႔ ႐ုတ္တရက္ထြက္ရာမွ အသက္အႏၲရာယ္ထိခိုက္နိုင္ေသာ အေျခအေနမ်ားသည္ အပူဒဏ္ေၾကာင့္ အမ်ားဆုံးျဖစ္တတ္ေသာ အေျခအေနမ်ားျဖစ္သည္။ အပူႏွင့္အေအး ဝိေရာဓိသည္ အလြန္အႏၲရာယ္မ်ားၿပီး အခန႔္မသင့္လၽွင္ ႐ုတ္တရက္အသက္ေသဆုံးနိုင္သည္ကို အထူးသတိျပဳရမည္ျဖစ္သည္။ပူျပင္းေသာ ယခုလိုရာသီကာလမ်ားတြင္ အသက္အရြယ္ႀကီးရင့္သူမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားအေနျဖင့္ အရိပ္ထဲတြင္သာ ေနထိုင္သင့္ပါသည္။ တိုင္းရင္းေဆးအလိုအရ ေႏြရာသီကာလ ေရခ်ိဳးလၽွင္ နံနက္ေစာေစာတြင္သာ ေရခ်ိဳးသင့္ၿပီး ေန႔လယ္ပိုင္းႏွင့္ ညေနပိုင္းတြင္ ေရခ်ိဳးျခင္းမျပဳလုပ္သင့္ေပ။ ေရမခ်ိဳးမီ ေရေအးတစ္ဖန္ခြက္ေသာက္ၿပီးမွ ေရခ်ိဳးသင့္သည္။ ေရခ်ိဳးလၽွင္ ဦးေခါင္းမွစ၍ ေရမေလာင္းဘဲ ေျခေထာက္အဖ်ားမွ အထက္သို႔ တျဖည္းျဖည္းေရေလာင္းၿပီးမွ ေရခ်ိဳးသင့္သည္။ ေရမခ်ိဳးမီ ဆီးသြားထားရန္လိုအပ္ၿပီး ဆီးမ်ားရွိေနၿပီး ေရခ်ိဳးပါက ဆီးပူ၊ ဆီးေအာင့္၊ ေညာင္းက်ေရာဂါျဖစ္တတ္သည္။ ေရခ်ိဳးၿပီးလၽွင္ အဝတ္အစားမဝတ္ဘဲ ၾကာရွည္စြာ မေနသင့္ေပ။ ေရခ်ိဳးၿပီးလၽွင္ ေႏြးေထြးစြာေနသင့္သည္။ ေႏြရာသီတြင္ ထူထဲေသာ အဝတ္အစားမ်ားကို ေရွာင္ရွားၿပီး ေပါ့ေပါ့ပါးပါး အဝတ္အစားမ်ားကို ဝတ္ဆင္သင့္သည္။ ေန႔လယ္ပိုင္းႏွင့္ ညေနပိုင္းအခ်ိန္တြင္ သစ္ပင္ေရေလာင္းၿပီး ေရစိုနိုင္ေသာ အေျခအေနႏွင့္ ေနပူထဲမွျပန္လာၿပီး ေရခဲေရေသာက္ျခင္းကို ေရွာင္ရွားသင့္သည္။

သို႔ျဖစ္ရာ အပူဒဏ္အႏၲရာယ္သည္ လူတို႔၏က်န္းမာေရးကို ထိခိုက္နိုင္သည့္အျပင္ အသက္အႏၲရာယ္ပါ ျဖစ္နိုင္သျဖင့္ သတိျပဳရမည့္အခ်က္မ်ားကို လိုက္နာေဆာင္ရြက္ၾကၿပီး ေန႔လယ္ပိုင္းတြင္ မျဖစ္မေနအျပင္ထြက္ရမည္ဆိုပါက အပူဒဏ္ကာကြယ္မည့္ ထီး၊ ဦးထုပ္၊ ေနကာမ်က္မွန္တို႔ကို အသုံးျပဳၾကၿပီး အပူဒဏ္အႏၲရာယ္ကို သတိျပဳကာကြယ္ၾကရန္ အသိပးႏွိုးေဆာ္အပ္ပါသည္။

=-=========

အပူဒဏ်အန္တရာယ် အထူးသတိပြုကာကွယ်

ယခုအချိန်ကာလသည် အလွန်ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလဖြစ်သည်။ မြန်မာပြည်ရာသီဥတုအနေဖြင့် မတ်လ၊ ဧပြီလနှင့် မေလတို့သည် ပူပြင်းသောကာလများဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီကာလအားဖြင့် ကဆုန်၊ နယုန် ရာသီကာလသည် မနေနိုင်လောက်အောင် ပူပြင်းလှသဖြင့် “ကဆုန်-နယုန် ဆွေ့ဆွေ့ခုန်” ဟု အမွှမ်းတင်ထားသည်။ နွေရာသီကာလသည် ဖြစ်လေ့ဖြစ်ထဖြစ်သော်လည်း သာမန်အခြေအနေထက် ထူးခြားသည့်အပူဒဏ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုရမည်ဖြစ်သည်။

ယခုနွေရာသီကာလ အပူရှိန်မှာ ယခင်နှင့်မတူ ပိုမိုပူပြင်းသည့်ခံစားမှုကို ကြုံတွေ့ရသည်။ ယမန်နှစ်များကလည်း ယခုထက်ပိုမိုပူပြင်းသည့် ခံစားမှုမျိုးကို ရရှိခဲ့ပြီးဖြစ်သည်။ ယခုနှစ် နွေရာသီကာလတွင် အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း တစ်နေ့တခြားပိုမိုပူပြင်းလာသည့် သဘောများ ရှိနေသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယခုရက်ပိုင်း ကာလများအတွင်း အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်အခြေအနေနှင့် နေ့လယ်အပူချိန် ၁ ဒသမ ၅ ဆဲလ်စီးယပ်အထိ မြင့်မားလာမည်ဟု အသိပေးထားသည်။

ပြည်သူများအနေဖြင့် အပူချိန်မြင့်မားလာမှုကြောင့် အပူလျှပ်ခြင်းအန္တရာယ်ကို အထူးသတိပြုသိရှိထားရမည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်သည် ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်)နှင့် အထက်ရှိလာလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော အဆင့်သို့ရောက်ရှိလာသည်။ ပြင်ပအပူချိန် မြင့်တက်လာသောအခါတွင် ပတ်ဝန်းကျင်ရှိ ရေနှင့် အရာဝတ္ထုများပါ ပူပြင်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ အလားတူ ခန္ဓာကိုယ်အပူချိန်ပါ မြင့်မားလာသည်။ ထို့ကြောင့် အပူချိန်မြင့်မားနေသော နေ့လယ်နေ့ခင်းအချိန်များတွင် အကာအကွယ်မပါဘဲ ပြင်ပသို့ထွက်ခြင်းကို ရှောင်ရှားပြီး အရိပ်အာဝါသအောက်တွင်သာ နေထိုင်ကြရန်လိုအပ်သည်။

အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောအန္တရာယ်များတွင် အပူလျှပ်ခြင်းသည် အစိုးရိမ်ရဆုံးအခြေအနေဖြစ်သည်။ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားရသောကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေနိုင်ပြီး အချိန်မီကုသရန် နှောင့်နှေးနေပါက ထိခိုက်ပျက်စီးနိုင်ခြေမြင့်မားပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ စိုးရိမ်ဖွယ်ရာဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် အပူနှင့်အအေး ကွာခြားချက်မြင့်မားသွားစေနိုင်သည့် အခြေအနေကို အထူးသတိပြုရမည်ဖြစ်သည်။ ပူသောအခြေအနေမှ အေးသည့်အခြေအနေသို့ ရုတ်တရက်ကူးပြောင်းခြင်း၊ အေးသည့်အခြေအနေမှ ပူသောအခြေအနေသို့ ရုတ်တရက်ကူးပြောင်းသည့်အခါ Heat Stroke ဟုခေါ်သည့် အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

အနောက်တိုင်းဆေးပညာအရ ပြင်းထန်သောအပူချိန်ကြောင့် ရေနှင့်မထိတွေ့ရဘဲ သတိမေ့မျောခြင်း၊ စကားမေးမရခြင်း၊ အဖျားကြီးခြင်းနှင့် အပူဒဏ်ကို ကာကွယ်ရင်း အအေး သို့မဟုတ် ရေအေးနှင့် ရုတ်တရက်ထိတွေ့ပြီး မသေဆုံးသင့်ဘဲ သေဆုံးခြင်းဖြစ်သည်။ ဥပမာအားဖြင့် နေပူပြင်းသော နေ့လယ်ပိုင်းအချိန်တွင် ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးရင့်သောသူများ ရုတ်တရက်ဖြစ်တတ်သည့် အခြေအနေနှင့် အသက်အရွယ်မရွေး အအေးဓာတ်ပေးထားသော ယာဉ်၊ အခန်းတွင်းတို့မှ ပူပြင်းနေသောပြင်ပသို့ ရုတ်တရက်ထွက်ရာမှ အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေများသည် အပူဒဏ်ကြောင့် အများဆုံးဖြစ်တတ်သော အခြေအနေများဖြစ်သည်။ အပူနှင့်အအေး ဝိရောဓိသည် အလွန်အန္တရာယ်များပြီး အခန့်မသင့်လျှင် ရုတ်တရက်အသက်သေဆုံးနိုင်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။ပူပြင်းသော ယခုလိုရာသီကာလများတွင် အသက်အရွယ်ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများအနေဖြင့် အရိပ်ထဲတွင်သာ နေထိုင်သင့်ပါသည်။ တိုင်းရင်းဆေးအလိုအရ နွေရာသီကာလ ရေချိုးလျှင် နံနက်စောစောတွင်သာ ရေချိုးသင့်ပြီး နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် ရေချိုးခြင်းမပြုလုပ်သင့်ပေ။ ရေမချိုးမီ ရေအေးတစ်ဖန်ခွက်သောက်ပြီးမှ ရေချိုးသင့်သည်။ ရေချိုးလျှင် ဦးခေါင်းမှစ၍ ရေမလောင်းဘဲ ခြေထောက်အဖျားမှ အထက်သို့ တဖြည်းဖြည်းရေလောင်းပြီးမှ ရေချိုးသင့်သည်။ ရေမချိုးမီ ဆီးသွားထားရန်လိုအပ်ပြီး ဆီးများရှိနေပြီး ရေချိုးပါက ဆီးပူ၊ ဆီးအောင့်၊ ညောင်းကျရောဂါဖြစ်တတ်သည်။ ရေချိုးပြီးလျှင် အဝတ်အစားမဝတ်ဘဲ ကြာရှည်စွာ မနေသင့်ပေ။ ရေချိုးပြီးလျှင် နွေးထွေးစွာနေသင့်သည်။ နွေရာသီတွင် ထူထဲသော အဝတ်အစားများကို ရှောင်ရှားပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်သင့်သည်။ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်တွင် သစ်ပင်ရေလောင်းပြီး ရေစိုနိုင်သော အခြေအနေနှင့် နေပူထဲမှပြန်လာပြီး ရေခဲရေသောက်ခြင်းကို ရှောင်ရှားသင့်သည်။

သို့ဖြစ်ရာ အပူဒဏ်အန္တရာယ်သည် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်သည့်အပြင် အသက်အန္တရာယ်ပါ ဖြစ်နိုင်သဖြင့် သတိပြုရမည့်အချက်များကို လိုက်နာဆောင်ရွက်ကြပြီး နေ့လယ်ပိုင်းတွင် မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါက အပူဒဏ်ကာကွယ်မည့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို အသုံးပြုကြပြီး အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရန် အသိပးနှိုးဆော်အပ်ပါသည်။