ဓားစာခံမ်ားလႊတ္ေပးရန္ႏွင့္ ေရြးေကာက္ပြဲအသစ္ ျပဳလုပ္ရန္ အစၥေရး ေထာင္ေပါင္းမ်ားစြာက အေဝးေျပးလမ္းမ ႀကီးမ်ားကို ပိတ္ဆို႔ဆႏၵျပ

(နိုင္ငံတကာ) ဧၿပီ ၁

ေထာင္ႏွင့္ခ်ီေသာ ဆႏၵျပသူမ်ားသည္ ဂါဇာရွိ ဟားမတ္စ္တို႔ ဖမ္းဆီးထားေသာ ဓားစာခံမ်ားကို လႊတ္ေပးေရး အစိုးရအား ဆႏၵျပရန္ နိုင္ငံတစ္ဝွမ္း တြင္ မတ္လ ၃၀ ရက္ေန႔ စေနေန႔ ညေနပိုင္းက စုေဝးခဲ့ၾကေၾကာင္းသိရသည္။

ဂါဇာရွိ ဓားစာခံမိသားစုမ်ားႏွင့္ နိုင္ငံေရးသမားမ်ား၏ အပတ္စဥ္ သတင္းစာရွင္းလင္းပြဲ ႏွင့္ ေတာင္းဆိုမႈမ်ားျပဳေသာ အစိုးရ ဆန႔္က်င္ေရးဆႏၵျပပြဲေနရာျဖစ္သည့္ တဲလ္အဗီးၿမိဳ႕ရွိ Kaplan လမ္းမွာ အဓိကဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ဆႏၵျပသူမ်ားက Kirya စစ္ဌာနခ်ဳပ္အျပင္ဘက္၌ မီးရွို႔မႈမ်ား ျပဳလုပ္ေနစဥ္ တဲလ္အဗစ္ၿမိဳ႕ရွိ Begin လမ္းကို ရဲမ်ားက ပိတ္ဆို႔ထားခဲ့ကာ ဆႏၵျပပြဲျပဳလုပ္ ေနစဥ္အတြင္း ရဲတပ္ဖြဲ႕ႏွင့္ ဆႏၵျပသူမ်ား အၾကားမွာ ျပင္းထန္ေသာ ႐ုန္းရင္းဆန္ခတ္မႈမ်ား ျမင္ေတြ႕ခဲ့ၾက ရၿပီး ရဲတပ္ဖြဲ႕ဝင္မ်ား အင္အားထပ္ျဖည့္ ေရာက္ရွိ လာခဲ့ေၾကာင္းသိရသည္။

ရဲတပ္ဖြဲ႕က Begin လမ္းတြင္ မီးရွို႔ ထားေသာ အဓိက မီးေလာင္ကၽြမ္းမႈေနရာမွ လူထု ကို ခြဲထုတ္ရန္ ႀကိဳးစားစဥ္ ဆႏၵျပသူမ်ားက “ရွက္ စရာ ေကာင္းျခင္း” ဟု ေႂကြးေၾကာ္ခဲ့ၾကကာ ရဲတပ္ဖြဲ႕က တဲလ္အဗီးတြင္ လူ ၁၆ ဦးကို ဖမ္းဆီး ထားခဲ့သည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

စေနေန႔ညေန အေစာပိုင္းက ဓားစာခံမ်ား၏ မိသားစုမ်ားသည္ ၁၇၆ ရက္အတြင္း ၎တို႔၏ ခ်စ္ ရသူမ်ားထံမွ မျမင္၊ မၾကား ျဖစ္ေနရသည့္အခ်က္ မ်ားႏွင့္ စစ္ပြဲကို ဝန္ႀကီးခ်ဳပ္ ေနတန္ညာဟု၏ ကိုင္ တြယ္ေျဖရွင္းမႈ၊ ဓားစာခံကိစၥ ေစ့စပ္ညႇိႏွိုင္းမႈမ်ား အေပၚ ေဝဖန္သည့္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ ေနတန္ညာဟုကို အစားထိုးနိုင္ေရး ေရြးေကာက္ ပြဲအသစ္ က်င္းပေပးရန္ အစၥေရးအစိုးရကို ေတာင္း ဆိုထုတ္ျပန္ခဲ့သည္။

တဲလ္အဗီးၿမိဳ႕ရွိ Ayalon အေဝးေျပးလမ္းမႀကီး၏ လမ္းေၾကာင္း ႏွစ္ခုစလုံး တြင္ ဆႏၵျပသူမ်ားက ပိတ္ဆို႔ထားၿပီး ဆႏၵျပသူမ်ား ကို လူစုခြဲနိုင္ရန္အတြက္ ရဲမ်ားက မီးသတ္ပိုက္မ်ား၊ ( water cannons ) ျဖန႔္က်က္ခ်ထားသည္ဟု သိရသည္။

အစၥေရးနိုင္ငံအႏွံ့ ေနရာအေတာ္ မ်ားမ်ား၌ ဆႏၵျပပြဲမ်ား ျပဳလုပ္လၽွက္ရွိရာ ေဂ်႐ုဆ လင္ရွိ ဆႏၵျပသူ ၁၅ဝဝ ခန႔္သည္ ပါရီ ရင္ျပင္တြင္ ေတြ႕ဆုံခဲ့ၾကၿပီး ဓားစာခံမ်ားကို လႊတ္ေပးရန္လည္း ေတာင္းဆိုခဲ့ၾကၿပီး Herzilya ၌ ေနာက္ထပ္ ဆႏၵျပသူ ၁,၅၀၀ ခန႔္ရွိၿပီး ဂါဇာနယ္စပ္ ေဒသခံမ်ား ကလည္း အစၥေရးေတာင္ပိုင္းရွိ Shaar HaNegev လမ္းဆုံကို ပိတ္ဆို႔ထားသည္ဟု သတင္းမ်ား ထြက္ ေပၚလ်က္ရွိေၾကာင္းႏွင့္ တနဂၤေႏြေန႔တြင္လည္း ဆက္လက္၍ ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

========

ဓားစာခံများလွှတ်ပေးရန်နှင့် ရွေးကောက်ပွဲအသစ် ပြုလုပ်ရန် အစ္စရေး ထောင်ပေါင်းများစွာက အဝေးပြေးလမ်းမ ကြီးများကို ပိတ်ဆို့ဆန္ဒပြ

(နိုင်ငံတကာ) ဧပြီ ၁

ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဂါဇာရှိ ဟားမတ်စ်တို့ ဖမ်းဆီးထားသော ဓားစာခံများကို လွှတ်ပေးရေး အစိုးရအား ဆန္ဒပြရန် နိုင်ငံတစ်ဝှမ်း တွင် မတ်လ ၃၀ ရက်နေ့ စနေနေ့ ညနေပိုင်းက စုဝေးခဲ့ကြကြောင်းသိရသည်။

ဂါဇာရှိ ဓားစာခံမိသားစုများနှင့် နိုင်ငံရေးသမားများ၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲ နှင့် တောင်းဆိုမှုများပြုသော အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲနေရာဖြစ်သည့် တဲလ်အဗီးမြို့ရှိ Kaplan လမ်းမှာ အဓိကဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက Kirya စစ်ဌာနချုပ်အပြင်ဘက်၌ မီးရှို့မှုများ ပြုလုပ်နေစဉ် တဲလ်အဗစ်မြို့ရှိ Begin လမ်းကို ရဲများက ပိတ်ဆို့ထားခဲ့ကာ ဆန္ဒပြပွဲပြုလုပ် နေစဉ်အတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ အကြားမှာ ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများ မြင်တွေ့ခဲ့ကြ ရပြီး ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်ဖြည့် ရောက်ရှိ လာခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့က Begin လမ်းတွင် မီးရှို့ ထားသော အဓိက မီးလောင်ကျွမ်းမှုနေရာမှ လူထု ကို ခွဲထုတ်ရန် ကြိုးစားစဉ် ဆန္ဒပြသူများက “ရှက် စရာ ကောင်းခြင်း” ဟု ကြွေးကြော်ခဲ့ကြကာ ရဲတပ်ဖွဲ့က တဲလ်အဗီးတွင် လူ ၁၆ ဦးကို ဖမ်းဆီး ထားခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

စနေနေ့ညနေ အစောပိုင်းက ဓားစာခံများ၏ မိသားစုများသည် ၁၇၆ ရက်အတွင်း ၎င်းတို့၏ ချစ် ရသူများထံမှ မမြင်၊ မကြား ဖြစ်နေရသည့်အချက် များနှင့် စစ်ပွဲကို ဝန်ကြီးချုပ် နေတန်ညာဟု၏ ကိုင် တွယ်ဖြေရှင်းမှု၊ ဓားစာခံကိစ္စ စေ့စပ်ညှိနှိုင်းမှုများ အပေါ် ဝေဖန်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ နေတန်ညာဟုကို အစားထိုးနိုင်ရေး ရွေးကောက် ပွဲအသစ် ကျင်းပပေးရန် အစ္စရေးအစိုးရကို တောင်း ဆိုထုတ်ပြန်ခဲ့သည်။

တဲလ်အဗီးမြို့ရှိ Ayalon အဝေးပြေးလမ်းမကြီး၏ လမ်းကြောင်း နှစ်ခုစလုံး တွင် ဆန္ဒပြသူများက ပိတ်ဆို့ထားပြီး ဆန္ဒပြသူများ ကို လူစုခွဲနိုင်ရန်အတွက် ရဲများက မီးသတ်ပိုက်များ၊ ( water cannons ) ဖြန့်ကျက်ချထားသည်ဟု သိရသည်။

အစ္စရေးနိုင်ငံအနှံ့ နေရာအတော် များများ၌ ဆန္ဒပြပွဲများ ပြုလုပ်လျှက်ရှိရာ ဂျေရုဆ လင်ရှိ ဆန္ဒပြသူ ၁၅ဝဝ ခန့်သည် ပါရီ ရင်ပြင်တွင် တွေ့ဆုံခဲ့ကြပြီး ဓားစာခံများကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြပြီး Herzilya ၌ နောက်ထပ် ဆန္ဒပြသူ ၁,၅၀၀ ခန့်ရှိပြီး ဂါဇာနယ်စပ် ဒေသခံများ ကလည်း အစ္စရေးတောင်ပိုင်းရှိ Shaar HaNegev လမ်းဆုံကို ပိတ်ဆို့ထားသည်ဟု သတင်းများ ထွက် ပေါ်လျက်ရှိကြောင်းနှင့် တနင်္ဂနွေနေ့တွင်လည်း ဆက်လက်၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။