တ႐ုတ္ႏွင့္ ဂ်ာမနီတို႔ စီးပြားေရးဆိုင္ရာပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ရန္ သေဘာတူ

ေအာက္တိုဘာ ၃

တ႐ုတ္နိုင္ငံႏွင့္ ဂ်ာမနီနိုင္ငံတို႔သည္ ေအာက္ တိုဘာ ၁ ရက္က ဂ်ာမနီနိုင္ငံ ဖရန႔္ဖက္ၿမိဳ႕၌ က်င္းပခဲ့သည့္ ဘ႑ာေရးဆိုင္ရာေဆြးေႏြးပြဲတြင္ ႏွစ္နိုင္ငံစီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ေရးႏွင့္ စပ္လ်ဥ္း၍ သေဘာတူညီခဲ့ၾကေၾကာင္း ယမန္ေန႔ အင္န္အိတ္ခ်္ေက သတင္းတစ္ရပ္အရ သိရသည္။

အဆိုပါဘ႑ာေရးဆိုင္ရာ ေဆြးေႏြးပြဲကို တ႐ုတ္နိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ ဟီလီဖန္ႏွင့္ ဂ်ာမနီနိုင္ငံ ဘ႑ာေရးဝန္ႀကီး ခရစၥတီယန္လင္ဒါတို႔က ပူးတြဲသဘာပတိအျဖစ္ ေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။

တ႐ုတ္နိုင္ငံသည္ ႏွစ္နိုင္ငံ၏ မိတ္ဖက္ဆက္ဆံေရးတြင္ အျပဳသေဘာေဆာင္ၿပီး အျပန္အလွန္အက်ိဳးရွိေသာ ပူးေပါင္းေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ရန္အသင့္ရွိေၾကာင္း တ႐ုတ္နိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ ဟီလီဖန္၏ ေျပာၾကားခ်က္ကို ကိုးကား၍ တ႐ုတ္နိုင္ငံပိုင္ ဆင္ဟြာသတင္း ေအဂ်င္စီက ေျပာၾကားသည္။

ထို႔ျပင္ ဂ်ာမနီနိုင္ငံ ဘ႑ာေရးဝန္ႀကီးျဖစ္ သူ လင္ဒါကလည္း အဆင့္ျမင့္ဘ႑ာေရးဆိုင္ရာ ေဆြး ေႏြးမႈမူေဘာင္တြင္ တ႐ုတ္နိုင္ငံႏွင့္ ေဆြးေႏြးပြဲမ်ား တိုးျမႇင့္ေဆာင္ရြက္ရန္ ဂ်ာမနီနိုင္ငံအေန ျဖင့္ ဆႏၵရွိေၾကာင္း ျပသခဲ့သည္။

=======================

တရုတ်နှင့် ဂျာမနီတို့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူ

အောက်တိုဘာ ၃

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် အောက် တိုဘာ ၁ ရက်က ဂျာမနီနိုင်ငံ ဖရန့်ဖက်မြို့၌ ကျင်းပခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီခဲ့ကြကြောင်း ယမန်နေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်နှင့် ဂျာမနီနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီယန်လင်ဒါတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံ၏ မိတ်ဖက်ဆက်ဆံရေးတွင် အပြုသဘောဆောင်ပြီး အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ပြောကြားသည်။

ထို့ပြင် ဂျာမနီနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဖြစ် သူ လင်ဒါကလည်း အဆင့်မြင့်ဘဏ္ဍာရေးဆိုင်ရာ ဆွေး နွေးမှုမူဘောင်တွင် တရုတ်နိုင်ငံနှင့် ဆွေးနွေးပွဲများ တိုးမြှင့်ဆောင်ရွက်ရန် ဂျာမနီနိုင်ငံအနေ ဖြင့် ဆန္ဒရှိကြောင်း ပြသခဲ့သည်။