အာရွအားကစား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမွာ ျမန္မာအသင္း ဆီမီးဖိုင္နယ္တက္ေရာက္

 

ေအာက္တိုဘာ ၃
အာရွအားကစား အမ်ိဳးသား ၄ ေယာက္တြဲ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမွာ ျမန္မာအသင္းဟာ ၂ ပြဲနိုင္ ၁ ပြဲရႈံး အုပ္စုဒုတိယေနရာနဲ႔ ဆီမီးဖိုင္နယ္ တက္ေရာက္‌လာခဲ့ပါတယ္။
ေအာက္တိုဘာ ၂ ရက္မွာ ယွဥ္ၿပိဳင္ခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ဗီယက္နမ္အသင္းကို ၂ ပြဲ ၁ပြဲနဲ႔ အနိုင္ယူၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။
ျမန္မာအသင္းဟာ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ဖိလစ္ပိုင္အသင္းနဲ႔ ေအာက္တိုဘာ ၃ ရက္ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ ၁၂ နာရီခြဲမွာ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

=========================

အာရှအားကစား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်

အောက်တိုဘာ ၃
အာရှအားကစား အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းဟာ ၂ ပွဲနိုင် ၁ ပွဲရှုံး အုပ်စုဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ် တက်ရောက်‌လာခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို ၂ ပွဲ ၁ပွဲနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။