ရီးရဲလ်တွင်သာ ကစားသမားဘ၀ ကုန်ဆုံးလိုဟု ရော်နယ်ဒို ပြော
ရီးရဲလ်မက်ဒရစ်တွင်သာ ကစားသမားဘ၀ကုန်ဆုံးလိုပြီး စာချုပ်သက်တမ်းတိုးရန် စိတ်အားထက်သန်နေသည်ဟု ရော်နယ်ဒိုက အခိုင်အမာပြောကြားလိုက်သည်။
ရော်နယ်ဒို (၃၁) နှစ်၏ ရီးရဲလ်နှင့် စာချုပ်သည် ၂၀၁၈ ၌ ကုန်ဆုံးမည်ဖြစ်ကာ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့မည် (သို့မဟုတ်) မန်ယူသို့ ပြန်သွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယခုနှစ်ဆန်းက အမေရိကန် မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု ရော်နယ်ဒိုက အရိပ်အမြွက် ဖွင့်ဟခဲ့သည်။ သို့သော်ယခုအခါပေါ်တူဂီကြယ်ပွင့် က ရီးရဲလ်တွင်သာ ကစားသမား ဘ၀ဆုံးခန်းတိုင်လိုကြောင်း ပြောကြားလာသည်။
‘‘ကျွန်တော်ဒီမှာ ဆက်နေချင်တာ ထင်ရှားပါတယ်။ ရီးရဲလ်ကနေ အနားယူမယ်လို့ထင်ပါတယ်’’ဟု ရော်နယ်ဒိုက ပြောသည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် စာချုပ် သက်တမ်းတိုးမည်လား ဆိုခြင်းကို စောင့်ကြည်ရမည်ဖြစ်ပြီး ရီးရဲလ်၌ ပျော်ရွှင်နေကာ ပိုကောင်းသောအသင်း မမြင်မိကြောင်း ရော်နယ်ဒိုက ဆက်လက်ပြောသည်။ ထိုအတောအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်နေသော ရီးရဲလ်အသင်း၏ ယမန်နေ့က လေ့ကျင့်မှုတွင် ရော်နယ်ဒို ဒဏ်ရာရခဲ့သည်လားဟု စိုးရိမ်ကြ သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲနှင့် လွဲချော်နိုင်သည့် အန္တ ရာယ်မရှိဟု အသင်းဆရာဝန်များ က ပြောသည်။
အဆိုပါလေ့ကျင့်မှုတွင် ပင် နယ်တီဧရိယာထဲသို့ ဖြတ်တင်လိုက်သော ဘောလုံးနောက်လိုက်ရင်း ရော်နယ်ဒိုသည် အရန်ဂိုးသမားကာဆီလာနှင့် တိုက်မိပြီး ဘယ်ဘက်ခြေထောက်ထိခိုက်မိ ကာ မြေပြင်ပေါ်လှဲနေခဲ့သည်။
ကွင်းအတွင်း ကုသမှုအနည်းငယ်ပေးပြီးနောက် တစ်ဦးတည်း ထွက်ခွာသွားသော်လည်း ဒဏ်ရာကြီးကြီးမားမား မဟုတ်ဟု ဆရာဝန်များက ပြောသည်။
—Ref:Goal/AP