ေလဗာကူဆင္အသင္းကိုဂုဏ္ျပဳေၾကာင္း ဘိုင္ယန္နည္းျပတူခ်ယ္ေျပာ

ဧၿပီ ၁

ဘိုင္ယန္ျမဴးနစ္အသင္း၏နည္းၿပ ေသာမတ္စ္တူဟယ္လ္က ထိပ္ဆုံးမွ ေလဗာကူဆင္အသင္းႏွင့္ (၁၃)မွတ္အထိ ကြာဟသြားၿပီးေနာက္ ဘြန္ဒစ္လီဂါခ်န္ပီယံလုပြဲ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

နည္းျပတူခ်ယ္က- “ဘိုင္ယန္ရဲ့ခ်န္ပီယံေမၽွာ္လင့္ခ်က္က မျဖစ္နိုင္ေတာ့ပါဘူး။ ေလဗာကူဆင္အသင္းနဲ႔ပတ္သက္လို႔ ဂုဏ္ျပဳပါတယ္”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ယခုတစ္ပတ္ ယွဥ္ၿပိဳင္ကစားသည့္ ဘြန္ဒစ္လီဂါပြဲစဥ္တြင္ ေလဗာကူဆင္အသင္းက ေဟာ္ဖန္ဟင္မ္အသင္းအား အိမ္ကြင္း၌ (၂-၁) ဂိုးျဖင့္ အနိုင္ရၿပီး ဘိုင္ယန္ျမဴးနစ္အသင္း မွာမူ Der Klassiker ၿပိဳင္ဘက္ ေဒါ့မြန္အသင္းကို အိမ္ကြင္းမွာပင္ (ဝ-၂) ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ပါတယ္။

ဘြန္ဒစ္လီဂါၿပိဳင္ ပြဲၿပီးဆုံးရန္ လက္က်န္(၇)ပြဲအလိုတြင္ ေလဗာကူဆင္အသင္းက (၇၃) မွတ္ရရွိထားၿပီး ဒုတိယေနရာမွ ဘိုင္ယန္ျမဴးနစ္အသင္းက (၆၀)မွတ္သာရရွိသည့္အတြက္(၁၃)မွတ္အထိ ျဖတ္ထားနိုင္ျခင္းျဖစ္ပါတယ္။

ယခုရာသီတြင္ ေလဗာကူဆင္အသင္းအေနျဖင့္ ၿပိဳင္ပြဲစုံ၌ ရႈံးပြဲမရွိမွတ္တမ္းျဖင့္ ရလဒ္ေကာင္းမ်ားရယူေနျခင္းမွာ ပြဲတိုင္းတြင္ ေနာက္ဆုံးမိနစ္၊ ေနာက္ဆုံးစကၠန႔္အထိ မဆုတ္မနစ္ႀကိဳးစားမႈေၾကာင့္ဟု ဆိုရမည္ျဖစ္ပါတယ္။

========

လေဗာကူဆင်အသင်းကိုဂုဏ်ပြုကြောင်း ဘိုင်ယန်နည်းပြတူချယ်ပြော

ဧပြီ ၁

ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က ထိပ်ဆုံးမှ လေဗာကူဆင်အသင်းနှင့် (၁၃)မှတ်အထိ ကွာဟသွားပြီးနောက် ဘွန်ဒစ်လီဂါချန်ပီယံလုပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နည်းပြတူချယ်က- “ဘိုင်ယန်ရဲ့ချန်ပီယံမျှော်လင့်ချက်က မဖြစ်နိုင်တော့ပါဘူး။ လေဗာကူဆင်အသင်းနဲ့ပတ်သက်လို့ ဂုဏ်ပြုပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားသည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် လေဗာကူဆင်အသင်းက ဟော်ဖန်ဟင်မ်အသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရပြီး ဘိုင်ယန်မြူးနစ်အသင်း မှာမူ Der Klassiker ပြိုင်ဘက် ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာပင် (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဘွန်ဒစ်လီဂါပြိုင် ပွဲပြီးဆုံးရန် လက်ကျန်(၇)ပွဲအလိုတွင် လေဗာကူဆင်အသင်းက (၇၃) မှတ်ရရှိထားပြီး ဒုတိယနေရာမှ ဘိုင်ယန်မြူးနစ်အသင်းက (၆၀)မှတ်သာရရှိသည့်အတွက်(၁၃)မှတ်အထိ ဖြတ်ထားနိုင်ခြင်းဖြစ်ပါတယ်။

ယခုရာသီတွင် လေဗာကူဆင်အသင်းအနေဖြင့် ပြိုင်ပွဲစုံ၌ ရှုံးပွဲမရှိမှတ်တမ်းဖြင့် ရလဒ်ကောင်းများရယူနေခြင်းမှာ ပွဲတိုင်းတွင် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ မဆုတ်မနစ်ကြိုးစားမှုကြောင့်ဟု ဆိုရမည်ဖြစ်ပါတယ်။