ရီးရဲလ်နည်းပြသစ်ဖြစ်လာတဲ့ လိုပက်တီဂူနဲ့ ဒီဂီယာအဆင်ပြေလို့ မန်ယူစိုးရိမ်နေ

ရီးရဲလ်နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတဲ့ လိုပက်တီဂူဟာ ဂိုးသမားဒီဂီယာနဲ့ အဆင်ပြေသူဖြစ်လို့ သူ့ကို လက်လွှတ်ရမယ့်အပေါ် မန်ယူဘက်က စိုးရိမ်နေတယ်လို့ သိရပါတယ်။

လိုပက်တီဂူဟာ စပိန်အသင်းနည်းပြဖြစ်ပြီး ကမ္ဘာ့ဖလားပြီးရင် ရီးရဲလ်ကိုတာဝန်ယူမှာ ဖြစ်ပါတယ်။ သူဟာ စပိန် ဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်သစ် ချုပ်ထားတာ မကြာသေးတဲ့အတွက် ရီးရဲလ် ဘက်က သူ့အတွက် လျော်ကြေးပေါင် ၁.၇၅ သန်း ပေးချေခဲ့ရပါတယ်။

မန်ယူဂိုးသမားဖြစ်တဲ့ ဒီဂီယာဟာ စပိန်အသင်းမှာ လိုပက်တီဂူနဲ့ အရမ်းကို အဆင်ပြေတဲ့အတွက် ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်က ဒီဂီယာကို ကမ်းလှမ်းမယ်ဆိုရင် သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကြောင့် ဒီဂီယာ စိတ်ပြောင်းသွားမှာကို မန်ယူက စိုးရိမ်နေတာဖြစ်ပါတယ်။ လိုပက်တီဂူကလည်း ရီးရဲလ်အတွက် ဂိုးသမားတစ်ဦးကို ဦးစားပေး ခေါ်ယူ လိုနေတာ ဖြစ်ပါတယ်။

-Ref; Sky sports