ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း ရှာရာပိုဗာ မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် ကစားရန် ဖိတ်ကြားခံရ

ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း မာရီရာ ရှာရာပိုဗာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် တင်းနစ်ကစားခွင့် ပိတ်ခံထားရတဲ့ရက် ကုန်ဆုံးပြီး ၂ ပတ်အကြာ မက်ဒရစ်အိုးပင်းမှာ ကစားဖို့ ဖိတ်ကြားခံရပါတယ်။

 

လက်ရှိအချိန်မှာတော့ ရှာရာပိုဗာဟာ တားမြစ်ဆေးသုံးစွဲတာကြောင့် ၁၅ လ ပိတ်ပင်ခံထားရပြီး သူ့အနေနဲ့ ဧပြီ ၂၆ ရက်နေ့မှာ ပြစ်ဒဏ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်က ရှာရပိုဗာကို တားမြစ်ဆေးသုံးစွဲမှုနဲ့ ကစားခွင့် ၂ နှစ် ပိတ်ပင်ခဲ့ပေမယ့် အားကစားခုံသမာဓိ တရားရုံးက ပြီးခဲ့တဲ့ အောက်တိုဘာလက ၉ လ လျှော့ချပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဂရင်းဆလင်း ချန်ပီယံဆု ၅ ကြိမ် ရရှိခဲ့တဲ့ ရှာရပိုဗာဟာ မက်ဒရစ်အိုးပင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံရ အပြီးမှာတော့ သူ့ရဲ့ လှပတဲ့ခန္ဓာကိုယ်ကို ပြသထားတဲ့ အားကစားလေ့ကျင့်တဲ့ ဗွီဒီယိုလည်း ထွက်ပေါ်လာခဲ့ ပါတယ်။

(ရိုက်တာ)