ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးများ ဖြစ်သည့် ဦးပိုက်ထွေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်တို့မှ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံအားပေး

 

စက်​တင်​ဘာ ၂၊ ​ဝက်​လက်

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူးများဖြစ်​သည့်​ ဦးပိုက်​​ထွေးနှင့်​​ ​ဒေါက်​တာ​ဒေါ်စန်းစန်း နွယ်​တို့သည်​ ၂-၉-၂၀၁၉ ရက်နေ့ ​နေ့လည်​ (၁၂း၀၀) နာရီအချိန်​၌ ​ဝက်​လက်​မြို့နယ်​ ပါတီရုံးခန်းမတွင်​ ​ရွှေဘိုခရိုင်​နှင့်​ မြို့နယ်​ပါတီဥက္ကဌများ၊ ဝက်​လက်​မြို့နယ်​ ပါတီဝင်​များအား ​တွေ့ဆုံအား​ပေးစကား ​​ပြောကြားခဲ့ပါသည်​။ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး၊ ပါတီဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီး ပါတီဥက္ကဌ​ ဒေါက်​တာမြင့်​သိန်း၊ ပါတီဗဟို​ကော်မတီ ဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​၊ ဗဟို​ကော်​မတီဝင်​များဖြစ်ကြသည့် ​​ဦးတင့်​လှိုင်​မြင့်​၊ ဦးမင်းမင်း​ဇေယျာမြင့်​၊​ ဒေါ်သိဂီင်္ီဝင်း​ရွှေ၊ တိုင်းပါတီ​ကော်​မတီဝင်​များ၊ ​ရွှေဘိုခရိုင်​ပါတီ အတွင်း​ရေးမှူး ဦးမြတ်​မျိုးညွန့်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊
မြို့နယ်​ပါတီဥက္ကဌများ၊ ပါတီဝင်​များ စုစု​ပေါင်းအင်​အား  (၁၅၀) ဦး တက်​​ရောက်​ ခဲ့ကြပါသည်​။ တွေ့ဆုံပွဲ အခမ်းအနားတွင်​ ပထမဦးစွာ တက်​​ရောက်​လာသူများမှ နိုင်​ငံ​တော်​အလံနှင့်​ နိုင်​ငံ​တော်​သီချင်းသီဆို အလေးပြုခဲ့ကြပြီး ပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးက နှုတ်​ခွန်းဆက်​ အမှာစကား​ ပြောကြားခဲ့ပါသည်​။ ဆက်လက်​ပြီး ပါတီဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​က ခရိုင်​နှင့်​မြိုနယ်​ ပါတီဝင်​များနှင့်​ ပါတီဝင်​အမျိုးသမီးများကို အား​ပေးစကား​ပြောကြားပြီး ပါတီဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ မြင့်​သိန်းက ပါတီ​ရှေ့လုပ်​ငန်း​စဉ်​များနှင့်​ ပတ်​သတ်​၍ ရှင်းလင်း​ပြောကြားခဲ့ကာ ​နေ့ခင်း (၀၁း၀၀) နာရီအချိန်​တွင်​ ​တွေ့ဆုံပွဲ အခမ်း အနား ပြီးစီးခဲ့ပါသည်​။