စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချမ်းမြေ့ဆည်းဆာဘိုးဘွားရိပ်သာသို့ အသုံးအဆောင်နှင့်ငွေလှူဒါန်း

 

စလင်း ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁၁ နာရီက စလင်းမြို့ မြင် တင် ရပ်ကွက်ရှိ ချမ်းမြေ့ဆည်းဆာ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အသုံးအဆောင်ပစ္စည်းနှင့် အလှူ ငွေများ လှူဒါန်းခဲ့သည်။

မြို့နယ်ပါတီ ကော်မတီဝင် ဦးစိန်လင်း၊ ပါတီကော်မတီဝင် ဦးဝင်းခိုင်၊ ဦးဌေးအောင်၊ ဘဏ္ဍာ ရေးမှူးဒေါ်နွယ်နီနိုင်တို့ပါဝင်သော ပါတီဝင်များသည် ချမ်းမြေ့ဆည်း ဆာဘိုးဘွားရိပ်သာရှိ အဘိုးအဘွား များအတွက် အသုံးအဆောင်ပစ္စည်း များနှင့် တစ်ရက်စာ အာဟာရ ကုသိုလ်အတွက် အလှူငွေကျပ် ၃ဝဝဝဝ ကိုလှူဒါန်းရာ ချမ်းမြေ့ ဆည်းဆာဘိုးဘွားရိပ်သာကော်မတီ ဥက္ကဋ္ဌဦးဘိုတင်ဌေးကလက်ခံရယူ ပြီး လှူဒါန်းမှုများ အတွက်ဂုဏ်ပြု မှတ်တမ်းလွှာကို မြို့နယ်ပါတီ ကော်မတီဝင် ဦးစိန်လင်းအား ပြန် လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်ကြည်(စလင်း)