ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးများ ဖြစ်သည့် ဦးပိုက်ထွေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်တို့မှ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံအားပေး
စက်တင်ဘာ ၂၊ ဝက်လက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်သည့် ဦးပိုက်ထွေးနှင့် ဒေါက်တာဒေါ်စန်းစန်း နွယ်တို့သည် ၂-၉-၂၀၁၉ ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်၌ ဝက်လက်မြို့နယ် ပါတီရုံးခန်းမတွင် ရွှေဘိုခရိုင်နှင့် မြို့နယ်ပါတီဥက္ကဌများ၊ ဝက်လက်မြို့နယ် ပါတီဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ ပါတီဗဟိုကော်မတီ ဝင် ဒေါ်ခင်ရွှေမြင့်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးတင့်လှိုင်မြင့်၊ ဦးမင်းမင်းဇေယျာမြင့်၊ ဒေါ်သိဂီင်္ီဝင်းရွှေ၊ တိုင်းပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီ အတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင်ပါတီကော်မတီဝင်များ၊
မြို့နယ်ပါတီဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။ တွေ့ဆုံပွဲ အခမ်းအနားတွင် ပထမဦးစွာ တက်ရောက်လာသူများမှ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းသီဆို အလေးပြုခဲ့ကြပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်က ခရိုင်နှင့်မြိုနယ် ပါတီဝင်များနှင့် ပါတီဝင်အမျိုးသမီးများကို အားပေးစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာ မြင့်သိန်းက ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကာ နေ့ခင်း (၀၁း၀၀) နာရီအချိန်တွင် တွေ့ဆုံပွဲ အခမ်း အနား ပြီးစီးခဲ့ပါသည်။