ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေး အမျိုးသားနိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ

 

ရန်ကုန် ၊ စက်တင်ဘာ ၊ ၁ ၊

ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေး ပါတီဥက္ကဌ ဦးသန်း​ဌေးသည်​ ယ​မန်နေ့ (စက်​တင်​ဘာ ၁ ရက်) ​နေ့ ​နေ့လည်​(၁) နာရီအချိန်​ခန့်​က၊ ရန်​ကုန်​တိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးရုံး အစည်းအ​ဝေး ခန်းမ၌ ပါတီနိုင်​ငံ​ရေးကင်းရှင်း​သော
မြန်​မာနိုင်​ငံလုံးဆိုင်​ရာအမျိုးသားနိုင်​ငံ​ရေးအင်​အားစု (ယာယီ) တို့နှင့်​​ တွေ့ဆုံပွဲပြုလုပ်​ ခဲ့သည်​။

အခမ်းအနားကို နိုင်​ငံ​တော်​သီချင်းဖြင့်​ သံပြိုင်​သီဆိုဖွင့်​လှစ်​​ခဲ့ပြီး၊ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသန်း​ဌေးမှ မိတ်​ဆက်​အမှာစကား ပြောကြားခဲ့သည်​။ ဆက်​လက်​၍၊ တက်​​ရောက်​လာကြ​​သော ပုဂ္ဂိုလ်​များနှင့်​ အမျိုးသားနိုင်​ငံ​ရေး အင်အားစုများအား အမျိုးသား​ရေးတက်​ကြွ လှုပ်​ရှားသူ ဦးမင်းကိုမြင့်​မှ မိတ်​ဆက်​​ပေးကာ၊ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ အမျိုးသားနိုင်​ငံ​ရေး အင်​အားစုဥက္ကဌ ဦးငြိမ်း​မောင်​မှ၊ အဖွဲ့၏နိုင်​ငံ​ရေး အစီရင်​ခံစာနှင့်​ အကြံပြုချက်​ စာတမ်းများ ဖတ်​ကြားတင်​ပြခဲ့သည်​။ ထို့​နောက်​ ပါတီအကြီးအကဲများမှ ဖြည့်​စွက်​​ဆွေး​နွေးခဲ့ကြပြီး အခမ်းအနားကို ​နေ့လည်​ ၂ နာရီ ၃၀ မိနစ်အချိန်​ပြီးဆုံးခဲ့သည်​။ အဆိုပါအခမ်းအနားသို့ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေး ပါတီဥက္ကဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီ (ဗဟို) အလုပ်​အမှု​ဆောင်​များ ဖြစ်​ကြသည့်​ ဦးဝဏ္ဏ​မောင်​လွင်​၊ ဦးခင်​ရီ၊ ဦးခင်​​မောင်​စိုး (ရန်​ကုန်​တိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ)၊ တိုင်းပါတီအတွင်း​ရေးမှူး​ ဒေါက်​တာ​ကျော်​စိုး၊ တိုင်းဘဏ္ဍာ​ရေးမှူး​ ဒေါ်​အေးမင်းမိုးနှင့်​ တိုင်းပါတီ​ကော်​မတီများ၊ ခရိုင်​ (၄) ခရိုင်​မှ ခရိုင်​ပါတီဥက္ကဌများနှင့်​ အဖွဲ့များ၊ အမျိုးသားနိုင်​ငံ​ရေး အင်အားစု များစသည့်​ အင်​အား (၂၅၀) ဦးခန့်​ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။  မြတ်ဟိန်ကျော်(ကော့မှူး)