ပါတီဝင်များနှင့် မြို့နယ်ပြည်ခိုင်ဖြိုး တွေ့ဆုံပွဲကျင်းပ

မအူပင်၊ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီဝင်များသည် ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝ နာရီက မအူပင်မြို့နယ် သောင်ဇား ကျေးရွာအုပ်စု နတ်စင်ကုန်းကျေးရွာမှ ပါတီဝင်ဦးတင်အေးနေအိမ်တွင် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲ၌ တက်ရောက်လာသူများက ပါတီ၏ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ စသည့်ရေးရာများ၏လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးခြင်း၊ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီ ဝင် ဦးဝင်းကျော်ကျော်၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သောင်ဇားကျေးရွာအုပ်စု ကျေးရွာပါတီဥက္ကဋ္ဌနှင့်အတူ သောင်ဇားကျေးရွာ၊ ကျီးတန်းကုန်းကျေးရွာ၊ ဘိုးတကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ မြဂိုးစုကျေးရွာ၊ ဝက်ကျွန်းကျေးရွာနှင့် နွားကုန်းကြီးကျေးရွာတို့မှ ပါတီဝင် ၆ဝ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)